တိတ်ဆိတ်သော ငိုကြွေးသောလူသည် သူသာဖြစ်လျက် ပင် မှိုင်းကိုယ့်စိတ်ကိုယ်နားမလည်. . .။တစ်ဆစိဆစ် ကိုက်ခဲနေသော ခေါင်းနင့် နလုံးနားက အောင့်တက် နေသည့် ခံစားချက်တို့ကြောင့် မျက်လုံးတွေကို မှိတ်ချပစ်လိုက်သည်။ပါးပြင်ထက် နွေးခနဲ ကျဆင်း သွားသော မျက်ရည်စလေးတွေကို ဥပေက္ခာပြုထား ခဲ့သည်သာ. . . ထိုကလေးကို နာကျင်စရာပေးရင် သူလည်းထပ်တူ နာကျင်သည်မို့. . .။ 🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿 မနက်ခင်း မိုးစင်စင် လင်းခဲ့ချေပြီ . . .ညကတည်းက ငိုကြွေးထားဆဲ မျက်လူံးအိမ်တို့သည် ငိုကြွေးဖို့ကို ဆက်၍ အားမပေးသည့် ယောင်ယောင် ပါးပြင် ထက်ခြောက်သွေ့သွားခဲ့ချေ၏။ တစ်ရေးမှ မအိပ်ဘဲ ငုတ်တုပ်ထိုင်လျက်တိုင်းသား ရှိနေသောသူသည် ဘာကိုမှ ဆက်မတွေးနိင်တော့ ဘဲ ငုတ်တုပ်ထိုင်လျက်သား. . .။ ရှေ့ဆက်ဘာတွေဆက်ဖြစ်မလဲ မတွေးချင်တော့ပါ အနာဂတ်တွေ မသေချာတဲ့သူအဖြစ်ဘာတွေကို ဆက်မျှော်လင့်ရဦးမှာလဲ လုပ်ပါ အရာရာ ခင်ဗျားသဘောတိုင်း ခင်ဗျားစိတ် တိုင်းကျ ခြယ်လှယ်ပါတော့ သေချာသည်တစ်ခုက သူစိတ်ကိုလျော့ချပစ်လိုက်ပြီဖြစ်သည်။ အရင်အချိန်တွေတုန်းက လင်းရောင်နီသည် အခု မှိုင်းညို့ဝေရဲ့လင်းရောင်နီ ဖြစ်ခဲ့ပြီလား။ အရင်အချိန်ကကော?? တစ်စုံတစ်ယောက်ကြောင့် ပျေ...