ဆွေး Part -7

ဆွေး

Part-7(a)

မှိုင်း မောင်းနင်နေသောကားကိုအရှိန်ထက်မြင့်တော့
ဘေးနားက ရောင်နီက မျက်လုံးလေးအဝိုင်းသား

"ကိုမှိုင်းညို့ဝေ ခင်ဗျား ကားကိုအရှိန်လျော့သင့်တယ်
နော်''

"ဘာလဲ သေမှာကြောက်လို့လား စိတ်ချ မင်းမသေ
စေရဘူး''

"ခင်ဗျားဒီလိုအရှိန်နဲ့မောင်းနေရင်သေမှာ အနေး
နဲ့အမြန်ပဲ''

ရောင်နီ အလေးနက်ပြောပေမယ့်ငှါ ဂရုမစိုက်တကိ
တဲ့သည့် သူ ထုံးစံအတိုင်း နှုတ်ခမ်းတစ်ချက်မဲ့
လိုက်ကာ. .

"မင်းပါးစပ်ပိတ်နေမလား. . .ငါပိတ်ပေးရမလား''

ရောင်နီအား စူးစိုက်ကြည့်သည်။ထိုအကြည့်တွေ
မရိုးရှင်းနိင်သည်မှာ ကာယံကံရှငိတွေသာအသိ
ဆုံးမို့. .  .။

သို့ပေမယ့်. . 

"ခင်ဗျား ဘယ်မောင်းနေတာလဲ မောင်းနေတာ
ကြာပြီနော် ကျွန်တော်အိမ်ပြန်နောက်ကျလို့
မဖြစ်ဘူး''

". . . .''

ရောင်နီ ပြောနေပေမယ့်ငှါ မှိုင်းဘာစကားမှမဆို။
တိတ်ဆိတ်ဆဲတိတ်ဆိတ်လျက်. . .။

"ကို မှိုင်းညို့ဝေ ဘယိမောင်းနေတာလဲ ကျွန်တော်
အိမ်အပြန်နောက်ကျမယ်''

စကားတွေ များစွာပြောနေသောကလေးသည်
အိမ်ကိုတမ်းတနေရှာသည်။

"အိမ်''ဟူ တစ်လုံးထဲပြန်ပြောကာ

မှိုင်းညို့ဝေ ရောင်နီအား ခနဲ့သက်သက်ပြုံး၍ကြည့်
လိုက်ကာ

"မေ့လိုက်တော့ မင်းမှာအိမ်ဆိုတာမရှိဘူး. . .
ငါ မင်းကိုထားမယ့်နေရာက မင်းအိမ်ပဲ''

"ဘာ. .  ခင်ဗျား''

"ငါမင်းကို တမင်တကာပထုတ်ခေါ်လာတာ
မင်းသိပြီမှတ်လား''

သူပြောမှ အံသြတစ်ကြီးလေးဖြစ်နေပုံက
ဘယ်လိုပုံစံမျိုးလေးလည်းမသိ. . .။

ကားတံခါးကို အားနဲ့ဆွဲဖွင့်သောကလေးငယ်
သည် လော့ချသည်ကိုအခုမှ ရိပ်မည့်ဟန်ဖြင့်

"ခင်ဗျား ကားရပ် အခူချက်ချင်းကားကိုရပ်လိုက်''

သူအနောက်ကနေ ရေပတ်မဝင်ပြောနေသော
ကလေးငယ်ကြောင့် သူဒေါသအားပိုထွက်စေ
ကာ. . .

"ဒီကားပေါ်မှာတင် မင်းအသက်ပျောက်ချင်လား
တိတ်ထား''

သူ အသက်ဟိန်းထွက်ကာပြောလိုက်မိခြင်းပင်။

"သေလည်းအေးတာပဲ ခင်ဗျားရန်ကဝေးသွား
တာပေါ့ သတ်ပေးနိင်မလား''

"မင်းအရမ်းသေချင်နေပေမယ့် မင်းကံတရား
ကသေဖို့ကံမပါလာထင်တယ်''

ပြောပြီးပြီးချင်း ထိုးရပ်သွားသည့်ကားကြောင့်
ရောင်နီ မျက်လုံးလေးအဝိုင်းသား ဖြစ်လျက်. . .။
သူ့ငါ့ကိုဘယ်ကိုခေါ်တာလဲ ဘာဖြစ်လို့ခေါ်လာ
တာလဲ ဘော်ဒီဂတ် လုပ်ပေးဖို့ ပြောသော
မှိုင်းညို့ဝေ သည်ယခု မှိုင်းညို့ဝေပင်ဖြစ်ရဲ့လား
ဟုထင်ရလောက်အောင် မာကျောခက်ထန်
လှပေသည်။

သေချာသည်တစ်ခုက ထိုသူဆီမှသူလွတ်မြောက်ဖို့. . .။

"ကားပေါ်ကဆင်း''

ဆိုသည့်အသံနင့်တံခါးလာဖွင့်သောကိုမှိုင်းညို့ဝေ။
အခူချိန်များ ကားကိုယူပြီး သူ့လက်ကလွတ်လမ်း
ရှာဖွေရန်အတွက်ဆိုလည်း ကားကမမောင်းတက်။

"သေလိုက်ပါတော့လားကွာ''

ရောင်နီ ညည်းတွားနေမိတော့ မှိုင်းကစိတ်မရှည်စွာ
လက်ကနေ ဆွဲချသည်။ဆွဲချတော့ ခန္ဓာကိုယ်ချင်း
မမျှသော သူသည် မှိုင်းညို့ဝေ နားဆွေ့ခနဲ. . .။

သို့ပေမယ့် လွတ်လမ်းရှာသော လင်းရောင်နီသည်
လင်းရောင်နီပါပဲ မှိုင်းလက်ကနေရအောင်
ရုန်းထွက်ကာ ခြေထောက်ဖြင့်ကန်ထုတ်ကာ
ထွက်ပြေးမိသည်။

ရုတ်တရုတ်မို့ လဲကျသွားသော မှိုင်းညို့ဝေ။
သို့ပေမယ့် သူသည်ထွက်ပြေးသွားသော
ကလေးရဲ့နောက်သို့ကားကိုမော့လျော့စွာ
အပြေးတလွှားလိုက်ခဲ့မိလေတော့၏။

အပြေးသန်သောကလေးငယ်သည်မာရသွနါ
ပြိုင်ပွဲဝင်ပြိုင်လျှင်ဆုရမည်လော။

အနောက်ကနေ မလှမ်းမကမ်းမြင်နေရသည်။
ကားလမ်းကိုဖြတ်ကူးရန် ကြိုးစားသော
ထိုကလေး။

ကားအဝေးကလာနေသည်ကိုမရှောင်ဘဲ
သူ့အားပြုံးကြည့်နေသောကလေးသညါ
သေဖို့ရွေးချယ်ခဲ့သည်လား။

''လင်းရောင်နီ''

သူစိုးထိတ်စွာအော်လိုက်ပေမယ့် ကားက ထိုကလေး
အနား နီးကပ်လျက် နီးကပ်မြဲ. . .။

သူသည်လည်းထိုနားသို့အပြေးတလွှားသွားသည်
လား လမါးလျှောက်ရသွားသညါလား ထူပူစွာ
ဘာကိုမှမသိလိုက်ဘဲ ရောင်နီကိုထို ကားရန်
မှ ကာကွယ်ပြီးလျက်သား. .ပြီးမှ

''မင်းအဆင်ပြေရဲ့လား ဘယ်နားတွေထိခိုက်သွား
သေးလဲ''

''ဘာလို့ကျွနါတော်ကိုကယ်တာလဲ ဘာလို့လဲ
ခင်ဗျားကျွနါတော်ကိုမကယ်ရင်အရာရာ
အဆင်ပြေနေပြီ ဘာလို့လဲ ''

''တော်ပြီ လင်းရောင်နီ မင်းပွဲလုပ်တာအရမ်း
များပြီ ငါနဲ့ပြန်လိုက်ခဲ့''

"မထိနဲ့ခင်ဗျား ကျွန်တော့်ကိုလွှတ်''

''လင်းရောင်နီ''

အတင်းရုနါးကန်နေသဖြင့် ဒေါသထွက်သော
ကြောင့်အော်လိုက်မိသည်။

''ကျွန်တော် တောင်းပန်ပါတယ် ထိုင်ရှိခိုး
ပြီးကနါတော့ရ ကနါတော့ ထိုင်ကန်တော့ပါ့မယ်
ကျွန်တောါ့ကိုလွှတ်ပေးပါ''

''မဖြစ်နိင်တာတွေမင်းလာမတောင်းဆိုနေနဲ့
လာ ပြန်လိုက်ခဲ့''

''လွှတါစမ်းပါ ကျွနါတော် ခင်ဗျားအပေါ်ဘာတွေ
မတရားလုပ်ခဲ့လို့ကျွန်တော့်ကိုအခုလိုဆက်ဆံ
နေရတာလဲ ပြောစမ်းပါခင်ဗျားပြောလေ''

ရောင်နီပေါက်ကွဲစွာပြောနေမိခြင်းပင်။မှိုင်းက
မျက်မှောင်ကြုံ့၍နားထောင်နေသည်။

''ခင်ဗျား ကြောင့်ကျွန်တော့်အဖေ ဓါးထိုးမှုဖြစါ
ပြီးဆေးရုံတင်ခဲ့ရတယ်. . .ကျွန်တော်
ခင်ဗျားအပေါ်တောင်းဆိုခဲ့ဘူးလား ခင်ဗျား
ကျွနါတော့်ကိုဘာရည်ရွယ်ချက်နဲ့ဘော်ဒီဂတ်
ထားချင်လဲကျွနါတော်မသိဘူး ငြင်းလိုက်တော့
ကလပ်ကို အပိုင်ဝယ်ပြီး အာဏာနဲ့ဖိနိပ်
ခဲ့တယ် ကိုယ်ထိလက်ရောက်စော်ကားတယါ
ဒီမှာ ကိုယ်မှိုင်းညို့ဝေ ကျွန်တော် ခင်ဗျားကျွန်
လဲမဟုတ်သလို အိမ်စောငိ့ခွေးလညါးမဟုတ်
ဘူး ကျွန်တော့်ကိုဘာရည်ရွယ်နဲ့အခုလ်ု
တွေလုပ်နေတာလဲ''

စကားတွေအများကြီး ပြောသောကလေးငယ်
သည် သူ့အား နာကျင်စွာစိုက်ကြည့်လျက်။
ကိုယ်ဘယ်လို ပြောပြရမလဲ. . .
မင်းအဖေနဲ့ကိုယ့်အဖေ ဇာတ်လမ်းကိုယ်
ဘယ်လိုပြောထွက်မလဲ ရက်စက်တယ်
လို့နာမညါတပ် ကင်ပွန်းပေးလူက
ကိုယ်ရယ်ပဲခံယူချင်လို့. . .။

မှိုင်းကိုပြောနေသော ရောင်နီသည်မကျေနပ်ချက်
များဖြင့် အကြောင်းပြချက်တွေတောင်းနေမိသည်။
မှိုင်းစကားများစွာ တိတ်ဆိတ်လျက်. . .

''မင်းပြောလို့ပြီးပြီလား''

အနားနားကပ်ကာပြောသောမှိုင်းညို့ဝေ. . .။
တစ်ဒဂ် အကြည့်ချင်းဆုံတွေ့၍ ရှောင်ဖယ်သူက
ရှုံးစတမ်းမဟုတ်ချေလား။တစ်ချက်လည်းအငိုက်
မိသွားသော လင်းရောင်နီသည် မှိုင်း
ဆက်ခနဲ ကောက်ချီရာနောက်သို့ ပါသွားလေသည်။

''ခင်ဗျား လွှတ်စမ်း. . .ကျွန်တော့်ကိုဘယ်လိုပုံစံနဲ့
ခင်ဗျား ဆက်ဆံနေတာလဲ လွှတ်စမ်း''

ခြေထောက်လေးက ယက်ကမ် ယက်ကမ်နင့်
လက်တွေက ကျောကုန်းကို အသားကုနါအား
တွေနင့်ထိုးနေလည်း မမှု။

အိမ်ကို လူတစ်ယောက်ပွေ့ချီကာ ကျွမ်းကျွမ်း
ကျွင်ကျွင်ဝင်သွားသောမှိုင်းညို့ဝေသည်
အိမ်ထဲသို့ရောက်သည်နင့် ရောင်နီကို
ဆိုဖာပေါ်သို့ပစ်တင်လိုက်သည်။

ရောင်နီ အဝတ်စတစ်ခုလို ဗုတ်ခနဲလဲကျပေမယ့်
ငှာ မတ်တပ်ပြန်ရပ်ပြီး

''ခွပ်''ခနဲမြည်အောင်ဆွဲထိုးလိုက်သည်။

နာကျင်သွားသောကြောင့် မှိုင်းညို့ဝေ
လင်းရောင်နီ အကျီင်္စကို အားနင့်ဆွဲယူ
လိုက်သည်။အရန်သင့်ပါလာသော
လူကိုယ်တိုင်ကိုပင်

''နောက်ထပ် ပြစ်ဒဏ်တွေမင်းထပ်တိုးချင်လို့လား''

''သတ်ပစ်လိုက်စမ်းပါ''

''မင်းမှငါ့ကိုမခုခံနိင်တာ မင်းအရှုံးပဲလေ''

မှိုင်းကြောင့် ကိုယ်ကိုကိုယ်တကယ်မုန်းမိသည်။
ယောကျာ်းလေးတန်မဲ့ အရမ်းပျော့ညံ့လွန်းသည့်
ကိုယ်ကိုကိုယ် အရမ်းမုန်းမိသည်။အင်အားခြင်း
မမျှရလည်း မှိုင်းညို့ဝေဆိုသူထံတွင်. . .
အကြိမ်ကြိမ် အခါခါ အရှုံးတွေ လက်ခံရသည်။

''ခင်ဗျားကို မုန်းတာထက် ကျွန်တော့်ကို
ကျွန်တော်မုန်းတယ် ယောကျာ်းလေးဖြစ်
ပါလျက်နဲ့ အခြားယောကျာ်းလေးထံက
အနိင်ကျင့်စော်ကားခံနေရတွေကိုမုန်းတယ်
ခင်ဗျားကို အိမ်မှာထဲက ဓားဆွဲယူပြီး
ထိုးသတ်ပစ်ဖို့ကောင်းတယ်''

ရောင်နီစကားကြောင့် မှိုင်းပြုံးမိပေမယ့်
နလုံးသားက ဆစ်ကနဲ အောင့်သက်သက်နင့်. . .
သူ့အတွက် မုန်းပါတယ် စကားတစ်ခွန်းက
လုံးဝခံစားရသည်သတဲ့လား။

''ငါလည်းမင်းကိုချစ်ပါတယ်လို့ ပြောနေမိလို့
မင်းစိတ်ကူးတွေလွဲနေတာမဟူတ်ပါဘူးနော်
လင်းရောင်နီ မင်းသေချာနားထောင်
ငါမင်းကို လုံးဝစိတ်မဝင်စားဘူး ''

''ဒါဆိုဘာလဲ. . .ကျွန်တော်ကိုဘာလို့
အတင်းအကျပ် ဒီကိုခေါ်လာတာလဲ
ဘာလို့လဲ ခင်ဗျားဘာအညှိုးတွေရှိလို့
အခုလိုတွေလူပ်နေရတာလဲ''

ရောင်နီ မကျေနပ်ချက်များစွာဖြင့် မှိုင်းကို
ပြောလိုက်ပေမယ့်ငှာ. . .မှိုင်း စူးစိုက်ကြည့်
နေသည့်မျက်ဝန်းတွေထဲမှာ အဖြေမသိ
ပုစ္ဆာတစ်ပုဒ်ရှိနေသည့်အလား. . .။

''ကဲရှင်းပြ ခင်ဗျားအနားမှာဘော်ဒီဂတ်ထား
ချင်း အကြောင်းပြချက် ထပ်ပြီးရှင်းပြ
ကိုယ်ထိလက်ရောက်စော်ကားတဲ့အကြောင်းရင်း
တွေ အခုလည်း ဘာရယ်ရွယ်ချက်နဲ့ခေါ်လာ
တာလဲ ပြောလေပြော အသံတိတ်မနေဘဲနဲ့
အဖြေပြနါပေး''

မေးနေချေပြီ။ထိုကလေးမေးနေသည် သည်အမှန်
တရားဘဲဖြစ်နေလျက် သူဘယ်လိုအကြောင်းပြချက်
တွေပေးရမည်နည်း။DAYတက်နေသော တက္ကသိုလိ
ကျောင်းသားတစ်ယောက်သည် ထိုကလေးကြောင့်
အတနါးတွေ ပျက်ကာ ဘော်ဒီဂတ်အနေနဲ့ထားဖို့
အနောက်က တစ်ကောက်ကောက်လိုကါမိသည်။
တကယ်ဆို သူ သည်ယောကျာ်းတစ်ယောက်. . .။
စစ်မှန်သောယောကျာ်းတစ်ယောက်သည် မိန်းကလေး
တစ်ယောက်ကို ပိုးကြေးပန်းကြေးပေး၍လိုက်ကြသည်။
သူလိုက်ခဲ့သောကလေးသညါ ယောကျာ်းလေး
တစ်ယောက်ဖြစ်နေပြန်တာကရော. . .။

ယခုမှပင် ကိုယ့်အခြေအနေ ကိုယ်သူံးတက်မိခဲ့သည်။
ငါနမ်းခဲ့မိခဲ့တာတွေကကော. . .သူကို ယောကျာ်း
လေးတစ်ယောက်အနေနဲ့ငါနမ်းခဲ့ပြီးအနိင်ကျင့်တာ
ကကော သူ့ကို ငါ့ဘော်ဒီဂတ်အနေနဲ့ပဲရှိစေချင်လို့လား

ဘာလို့လဲ. . .??

အစောနက သူမဟုတ်သလိုငြိမ်ကျသွားသောမှိုင်းကြောင့်
နားလည်ရခက်သွားသူမှာ လင်းရောင်နီပင်
ထွကါပြေးရင် ရနိင်ပါလျက် လွှတ်ပေးစမ်းဟူ
အသားကုန် ဟစ်ကြွေးနေသည့် သူကကော???
ဘာလို့ မှိုင်း ဖြေတာကိုစောင့်မျှော်နေမိတာလဲ
သူ ဘာတွေကြားချင်နေမိတာလဲ??

''ခင်ဗျားအဖြေ အသိတကျမသိရင် ကျွန်တော်ကို
အိမ်ပြန်လိုက်ပို့ပေးပါ''

မှိုင်းအကြည့်တွေ ရောင်နီ ထံရောက်သွား၍

''ငါမင်းကို ခေါ်လာကတည်းက
ပြန်ပို့ပေးအစီအစဉ်မရှိဘူး ငါမင်းကို အနားမှာ
ရှိစေချင်တာ ငါ့ဘဝမှာ ချစ်သူခင်သူမရှိအရမ်း
ခံစားရလို့ မင်းကိုငါ့အနားမှာထားချင်တာ
ထပ်ဖြေမယ် ယုံကြည်ရမယ့်လူ ငါဘဝမှာ
တစ်စုံတစ်ယောက် ရှိစေချင်လို့ မင်းကိုငါ
ခခယယတောင်းဆိုခဲ့ဖူးတယ် မင်းလက်သင့်
မခံဘူးလို့ ငါဘက်ကကြမ်းတမ်းမှုတွေဖြစ်
ခဲ့တယ် ငါဆိုတဲ့လူက ငါလိုချင်ပြီဆို
မရရအောင်ယူတက်တယ်လင်းရောင်နီ''

''ကျွန်တော် က တောင်းဆိုတောင်းလိုက်လုပ်
ပေးရအောင် ခင်ဗျားနဲ့ကျွန်တော်ဘာကျေးဇူးခံ
ကျေးဇူးတရားမှမရှိဘူး ကိုမှိုင်းညို့ဝေ. . .
တကယ်တမ်းသာဆို ကျွန်တော်တို့ဘက်ကသာ
ခင်ဗျားအပေါ်ကျေးဇူးတရားရှိတာ နားလည်လား''

မှိုင်း နှုတ်ခမ်းတွန့်ရုံတစ်ချက်ပြုံးလိုက်ကာ

''မင်းကိုငါ့အနားမှာထားချင်တယ် အခူချိန်ထိငါ့
ဘက်က မပြောင်းလဲတဲ့ဆန္ဒတစ်ခု. . .
် အကြောင်း
ပြချက် မင်းကိုငါ့အနားရှိစေချင်တယ် မင်းနဲ့
အတူရှိရင် ငါအထီးကျန်သလိုမခံစားရလို့''

''၂၄နာရီလုံး ကျွနါတော်တို့တွေ အတူမရှိပါဘဲ
ဘာလို့ပြောနေတာလဲ''

သူပြောလိုက်သည်မှာ ထိုကဲ့သို့ဖြစ်ပါလျက်. . .
မှိုင်းက

''ငါမင်းကိုနမ်းခဲ့မိတာ ဘာအကြောင်းပြချက်မှ
မရှိတာမင်းသိစေချင်တယ်''

ပြောနေပါလျက် နလုံးသားတွေနာကျင်မိဆဲပင်။
သို့ပေမယ့် ထိုသို့ပြောမှ သူရဲ့နလုံးသားသည်
ခံနိင်ရည်မရှိအောင့်တက်လာမိသည်။သူပြောနေ
ချင်တာတွေက အရင်ရက်က သူခံစားလာသမျှ
နင့်ဆန့်ကျင်ဘကါတွေပဲလေ. . .အနားမှာရှိစေ
ချင်မိခဲ့၏။သူသည် ဦးနောက်နင့် နလုံးသား
အချစ်နင့် အမုန်းကြား ဆန္ဒတွေလွန်ဆွဲလျက်. . .။

what??မှိုင်းညို့ဝေ ဘယ်လိုတွေတောင်ခင်ဗျား
လှည့်စားနိင်ရတာလဲ. . .အနမ်းတွေ အနမ်းတွေ
ပေးတာ သူ့အတွက် ဘာမှမဟူတ်ခဲ့ဘူးလား

''ငါ GAyမဟုတ်ဘူး ယောကျာ်းလေးတစ်ယောက်
ကို ငါမကြိုက်ဘူး ဟုတ်တယ် မင်းကိုငါ့အနား
မှာပဲရှိချင်တာ မင်းဘက်က ဘယ်လိုထင်ထင်
ဒါမပြောင်းလဲဘူး ထပ်ပြောမယ် ငါယောကျာ်း
လေးတစ်ယောက်ကိုသဘောမကျဘူး''

ဘယ်ရယ်မသိ နလုံးသားတွေနာကျင်နေမိ
လေသည်။ကိုယ့်ကိုကိုယ်လည်းပြန်သူံးတက်
မိခဲ့၍ထိုသို့ပြောလိုက်ခြင်းပင်. . .။

''ခင်ဗျားအတွက်ဘာမှမဟူတ်ဘူးလား
ခင်ဗျားအနိင့်ကျင့် ပြီးနမ်းခဲ့တာတွေက
ကျွန်တော့်ကိုမိန်းကလေးထင်နေလို့လား''

ရောင်နီ ဘယ်လိုမှမနေနိင်တော့ဘဲလှစ်ခနဲ
ပြောမိသည့်ဖြစ်ခြင်းတွေ သူ့မှာမှိုင်း ထိုးသွင်း
လိုက်သည့် စကားလုံးတွေက နလုံးသားထဲ
စူးနစ်နေလျက်. . .။သူသည် အိမ်ပြန်ဖို့ရန်
တောင်းဆိုထားသည် ခဏတာလေးမေ့လျော
နေဆဲ. . .။

''ဒါကမင်းရဲ့ပြစ်ဒဏ်ပဲ''

သူပြောနေလျက် အသံသည် ငြင်သာသွားသည်။
အကြည့်တွေကနှုတ်ခမ်းဆီရောက်သွားပြီး
လင်းရောင်နီထံသို့ စူးစိုက်ကြည့်လျက်

*ဟင့်အင်း မကြည့်ပါနဲ့ ခင်ဗျားယောကျာ်းလေး
တွေကိုသဘောမကျပါဘူးဆို အဲ့လိုအကြည့်
တွေနဲ့မကြည့်ပါနဲ့ *

ရောင်နီ တိုးတိုးတိတ်တိတ်ပြောမိဆဲ. . .။

အနားနားရောက်သွားမှ

''ဒီနေ့ဒီချိန် ကစပြီး မင်းကငါ့ရဲ့ဘော်ဒီဂတ်ဖြစ်တဲ့
အတွက် ငါထားရတဲ့နေရာမှာမင်းနေရမယ်
အထင်မလွဲလိုက်နဲ့ဦး 24နာရီ အပြည့် မင်းမှာ
ငါ့ကိုကာကွယ်ဖို့တာဝန်ရှိတဲ့အတွက် ငါဒီလို
နေခိုင်းတာနော် အဲ့အတွက်မင်းအိမ်မင်းပြန်
စရာမလိုဘူး ထပ်ငြင်းပယ်မယ်မင်းမကျန်နဲ့
နောက်ထပ်ပြစ်ဒဏ်တွေထပ်မလာခင်''

''ဘာလဲ အနမ်းဘဲလား''

(A/n အမ်ကလေးရယ်အကြောက်လန့်မရှိ မေးရဲလိုက်
တာ 😱)

ရဲရဲတင်းတင်း သူ့ကိုကြည့်ကာမေးလိုက်သော
ကောင်လေးကြောင့်. . .

''ဒီထက်ဆိုးတဲ့အရာလည်းမင်းကိုပေးနိင်တယ်
မင်းအဖေအတွက်တော့မစိုးရိမ်ပါနဲ့ ငါအားလုံး
စီစဉ်ပေးမယ် ဒီညအတွက်ဒီမှာပဲအိပ်မယ်''

''ခင်ဗျားအတ္တကြီးတယ်''

မှိုင်းကို ရောင်နီ ပြောပြီးပြီးချင်း ကျောပေးပြီး
လှည့်ရပ်လိုက်သည်။

သူဘာမှမဖြေရှင်းမိ. .။

''ဟိုဘက်မှာအိပ်ခန်းရှိတယ် မင်းသွားအိပ် ငါ
ဒီမှာဘဲရှိနေမယ်''

အရက် အရှိန်သည် ဘယ်တူန်းကတည်းက
ပြေပျောက်သွားခဲ့သည်မသိ။သို့ပေမယ့်
ခေါင်းတွေက တစ်ဆစ်ဆစ်ကိုက်ခဲနေသည်။

''ထွက်ပြေးဖို့မကျန်နဲ့ ထွက်ပြေးရင်မင်းခြေထောက်
ကိုရိုက်ချိုးပစ်မယ်''

လင်းရောင်နီ ခနဲ့သက်သက်ပြုံးလိုက်ကာ

''တစ်ခါထဲအသေပါသတ်ပစ်လိုက်ရင်ပိုကောင်းမယ်''

''ဒါဆိုလည်းရတယ်လေ လာလိုက်ခဲ့''

မှိုင်း လင်းရောင်နီ အား အပေါ်ထပ်အိပ်ခန်းထဲ အတင်းဆွဲ
ခေါ်သွားလျက်. .

''အခန်းပြင်ကနေ အပြင်ထွက်ဖို့မစဉ်းစားနဲ့
မင်းပါးစပ်က ငါဆီကထွက်မပြေးပါဘူးအသံ
ကြားမှလွှတ်ပေးမယ်''

''ခင်ဗျား ရူးနေလား မှိုင်းညို့ဝေ ခင်ဗျားရူးနေ
ပြီလား''

လင်းရောင်နီ ဒေါသဖြင့်အော်ပြောလိုက်တော့
မှိုင်းညို့ဝေ . . .ရောင်နီ ပုခုံးနစ်ဖက်ကို
ဆွဲခါကာ. . .

''ဟုတ်တယ် ငါရူးနေပြီ မင်းကြောင့်ငါရူးနေပြီ''

မှိုင်းသူ့နည်းတူစွာ အသံကုန် ဒေါသဖြင့်ပြောပြီး
ခုတင်ပေါ်တွန်းချပစ်လိုက်ပြီးသူကိုယ်တိုင်ကို
ကအခန်းပြင်ကို ထွက်လာပြီး တံခါးကို
သော့ခတ်လျက်. . .။

ရောင်နီ. . .မခုခံနိင်သောသူ့စိတ်အားသူရွံမုနါး
လာကာ. .

''အား''ဟူ အသံကုန်အော်လိုက်ပေမယ့်
အခန်းတံခါးရဲ့အပြင်ဘက်တွင် တိတ်တိတ်လေး
ထိုင်နေလျက် မျက်ရည်ကျမိသောကောင်လေး
ကိုမမြင်နိင်။

''Sorry ငါမင်းကို တကယ်ငါ့အနားမှာရှိချင်လို့ပါ''

မှိုင်း တိတ်တဆိတ်လေးပြောလိုက်မိရင်း
သူကိုယ်တိုင်ကိုက နာကျင်လျက်။

                           part-8 to be contiue

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

အနော့်ကို ရက်စက်တယ်လို့ပြောပါနဲ့ 😞အနော်
လည်းရေးရင်နဲ့ နာကျင်နေရပါတယ် 😟

အကယ်၍ဖတ်မကောငိးသညိရှိသော် အနော်အရေး
အသားညံခဲ့သည်ဆိုသည်မှာ. . .။

                writer han(အိုက်တွေကိုအသေအိုက်သူ)

Comments

Popular posts from this blog

ဆွေး Part-5

ဤစံအိမ်ဝယ်

ဆွေး Part-8