ဆွေး Part-5
Part 🤗5
"Light''
သူရဲ့ ခေါ်သံ သဲ့သဲ့ကြောင့်လှည့်ကြည့်သောမျက်ဝန်းတွေ
ထိုမျက်ဝန်းတွေကို သူမပိုင်ဆိုင်သလို ကောင်းမာန်
ခံစားလိုက်ရသည်။ရင်ထဲတွင် သောက လှိုင်းခက်ထနိ
နေ၏။
နံရံပေါ်တွင် အခန့်သား ရှိနေသော lightဟု
သူ ချစ်စနိးခေါ်သော လင်းရောင်နီရဲ့ပုံရိပ်ကလေးတွေ
ဤသည် အပြင်ပိုင်း ပုံရိပ်တွေသည်သာ။သူရဲ့အခန်းနံရံ
လေးထက် ပြန့်ကျဲနေသည်သာမက ဘယ်သူမှမသိသိုဝှက်
ထားသော နလုံးတစ်စုံသည် လင်းရောင်နီ ဟုခေါ်သည့်
ကောင်လေးအား အပ်နံထားသည်မျိုး။
"သူနဲ့မင်းကဘာတွေလဲ ငါဆီကဆွဲထုတ်ထားတဲ့သူက
ဘယ်သူလဲ light မင်းသိလား ငါမင်းကိုချစ်တယ်
ငါမှမပိုင်ဆိုင်ရရင် မင်းကိုအခြားတစ်ယောက်လည်း
မပိုင်ဆိုင်စေရဘူး ငါအတ္တကြီးတယ် မင်းထင်နေမှာ
ပေါ့lightရယ် ငါပြောခဲ့သားပဲ ဒီဇာတ်လမ်းမှာ
ငါလိုသူံးမဖြစ်ချင်ပါဘူးလို့ မင်းကိုပိုင်ဆိုင်ရဖို့ဆို
ငါ ဗီလိန်ပဲလုပ်ရ လူပ်ရ တစ်ခုပဲအဲ့တာငါမင်းကို
ချစ်လို့ပါ light''
အရူးသဖွယ် စကားတွေ အခန်းတွင်းနံရံလေးက
ပုံလေးတွေကိုကြည့်၍ဆိုမိလိုက်လေတော့၏။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
မှိုင်း စိတ်တွေအရမ်းတက်ကြွနေမိသည်။ဒီနေ့
သူဆီ ကလေးရောက်လာတော့မည်ဖြစ်သောကြောင့်
မနိးစဖူး အနိးထူး၍ စောစောစီးစီးနိးနေလေ၏။
ကလေးကို သွားကြိုရန် အိမ်ပေါ်ထပ်ကနေဆင်း
လာလိုက်သည်။
မနက်စောစောစီးစီး ဝီစကီတစ်လူံးနင့် breakfast
ဝိုင်းတွင် ထိုင်နေသောသူသည် မည်သူဖြစ်မည်နည်း။
သူရဲ့ ချစ်လှစွာသော အမေပင်ဖြစ်လေ၏။
သူ ခြေလှမ်းတွေ ထိုသို့သွားရန် ရည်ညွှန်းလိုက်သော်
ငှား လည်း. . .
"မနက်စောစောစီးစီးမင်းဘာလုပ်နေတာလဲ"
သူမနားသို့ရောက်ရှိလာသော သူ့ရဲ့အဖေကြောင့်
ခြေလှမ်းတွေရပ်တန့်လိုက်ပြီး တိတ်တဆိတ်
နားထောင်မိသည်။
"အဟွန်း. . .morningစာလေး ဖြေနေတာပါ
my darlingရဲ့''
ဒေါ်မြလေးရုံ ထိုင်နေရာကနေထပြီးပြောချေတော့
''မင်း အနေအထိုင်လေး နည်းနည်းဆင်ခြင်ရင်
ကောင်းမယ်"
"ဆင်ခြင်ရမယ် ဟုတ်လား. . .Golden Star
ပိုင်ရှင်ကြီး ဦးရဲမာန်''
"မင်းကိုငါအများကြီးမပြောပါဘူး ဒါပေမယ့်
သားရှေ့မှာတော့ မင်းအနေအထိုင်ဆင်ခြင်သင့်တယ်''
"Sorryပဲ ဦးရဲမာန် မြလေးရုံဆိုတဲ့ကျွန်မက
စိတ်မပါရင် လေတောင် လှည့်မချွန်တက်တဲ့
လူစားမျိုး ကျွန်မအသက်ရှင်ရက်ရှိနေ
လျက် ရှင်တို့ကိုဒုက္ခပေးဦးမှာ''
မှိုင်းနားထောင်နေရင်း မျက်ခုံးနစ်ဖက်စုကြုံ့သွား
သည်။အမေပြောတဲ့ ရှင်တို့ ရှင်တို့ဆိုတာ
ဘာသဘောလဲ. . .သူတွေးတောနေစဉ်
အမေ့ဘက်ကနေ၍
"ဦးရဲမာန်ရဲ့ တိတ်တိတ်ပုန်းလိင်တူ ချစ်ဇာတ်လမ်း. . .''
"ကဲကွာ. . ."
မြလေးရုံစကားမဆုံးသေး. . .အရှိန်ပြင်းပြင်းနဲ့
လွှဲ၍ ပါးကို ရိုက်ခံရသောကြောင့် မတ်တပ်
ရပ်နေရာမှ ကြမ်းပြင်ပေါ်သို့ဗုန်းခနဲ. . .။
ကြားလိုက်ရသည့်စကားကြောင့် မှိုင်း အံ့သြမှင်
သက်သွားသည်။သူရဲ့ အဖေက ယောကျာ်းချင်း
ယောကျာ်းချင်း ချစ်နစ်သက်သည်သတဲ့လား. . .။
အဲ့လူက ဘယ်သူလဲ နစ်ရှည်လများ အထီးကျန်
စွာနေရက်တွေကို ဖန်တီးခဲ့တဲ့လူ ထိုလူသာမရှိ
ခဲ့လျှင် သိုက်သိုက်ဝန်းဝန်းနေရမည့် သူရဲ့ဘဝက
ထိုလူကြောင့် မိသားစူဆိုသည့်အငွေ့အသက်ကို
ခံစားလို့မရခဲ့. . .
အမေ နစ်ရှည်လများအရွဲ့တိုက်
မိတွေ သူ့ကိုဂရုမစိုက်ခဲ့တာတွေ ထိုလူကြောင့်
တိတ်တဆိတ် နားထောင်ပြီး မြင်လိုက်ရသည့်
ကိုယ်တွေ့ကြားလိုက်ရသည့်အသံတွေကတော့
ရင်ထဲမှာတော့ကမ္ဘာပြိုမတက်. . .။
လက်သီးဆုပ်ကလေးကိုဆုပ်ကာ နားထောင်လျက်
နားထောင်မြဲ. . .အခု အချိန်ထိ အမုန်းတရားနင့်ရှင်သန်
နေသည့်သူရဲ့အဖေနင့်အမေတို့၏ရန်ပွဲကမပြီးပြတ်
သေး။
"ဟား ဟား ဟား ရိုက်လေ ရိုက်ပါ မသကာ အသား
နာရုံလေးပါပဲ နလုံးသားကတစစ်စစ်နာကျင်နေတဲ့
ဝေဒနာနဲ့ယှဉ်ရင်တော့ ပမွှားပါ ဒါပေမယ့်ရှင်
တစ်ခုထပ်မှတ်ထား ကျွန်မနာကျင်စုတ်ပျက်လေ
ရှင်တို့လည်းပျော်ရွှင်ရမယ်မထင်နဲ့ ရှင်နဲ့ရှင်
driver ကျွန်မအသက်ရှင်ရက်ရှိနေသရွေ့
ရှင်တို့အမြဲတမ်းနာကျင်ရမယ်''
မှိုင်းကြားလိုက်ရသည့်စကားကြောင့်ဘယ်လိုမှမနေ
နိင်တော့ဘဲ အကွယ်နေရာကနေထွက်လာပြီး
''ဘာတွေဘယ်လိုဖြစ်နေလဲဆိုတာနည်းနည်း
လောက်ရှင်းပြကြပါလား အဖေနဲ့အမေ''
''သား. . .''
ဦးရဲမာန် တုန်လှုပ်ခြောက်ခြားစွာခေါ်လိုက်သည့်အသံ။
သူ အဖေဘက်လှည့်ကာ
''အမေပြောတာအမှန်တွေပဲလားအဖေ''
''ဟုတ်တယ်အမှန်တွေပဲသား''
ဦးရဲမာန် ဖြေလိုက်သည်မဟုတ်ဘဲဒေါ်မြလေးရုံက
ဝင်ဖြေခြင်းဖြစ်ပေသည်။
''အဖေနဲ့ driver ဦးလေးတို့ရဲ့အချစ်ဇာတ်လမ်း
ကအမှန်ပဲလား ဘာလို့အဲ့လောက်တောင်
လုပ်ရက်တာလဲဗျာ ဘာလို့လဲ''
''သဘာဝကိုဆန့်ကျင်ပြီး ငါသူ့ကိုချစ်ခဲ့တာ
မှနါပါတယ် ဒါပေမယ့်အရာအားလုံးအတိတ်မှာ
ကျန်ရစ်ပြီးပြီ ငါအခုအချိန်မှာအသိဥာဏ်မဲ့တဲ့
လုပ်ရက်တွေ လုပ်ခဲ့ပြီဆိုရင် အခုဒီနေရာဒီအချိန်
မှာတောင် မင်းအရှေ့မတ်တပ်ရပ်ပြီးစကားမပြော
နေဘူး''
''ဒါဆို မှိုင်းညို့ဝေဆိုတဲ့ကျွန်တော်ကကော
ကျွန်တော်လိုချင်တဲ့နွေးထွေးတဲ့မိသားစုမျိုး
အထီးကျန်စွာ နေ့ရက်တိုင်းဖြတ်သန်းလာ
ရတာကော ဘာအတွက်ကြောင့်လဲ ကျွန်တော်
မုန်းတယ် အမေကို အဖေမချစ်တာမဆန်းကြယ်
ပါဘူး အဲ့လူက အဖေရဲ့နလုံးသားထဲအပြည့်
နေရာယူထားတာမို့လို့ သားတို့ကို လျစ်လျူရှု
တာလား''
မှိုင်းပေါက်ကွဲစွာပြောနေမိဆဲ. . .
''ကျွန်တော်မုန်းတယ် ကျွန်တော်တို့
မိသားစုကို မျက်ရည်ကျစေတဲ့လူကို
ကျွန်တော်နစ်ရှည်လများ ခံစားရတဲ့ဒဏ်ရာ
တွေက အရမ်းများနေပြီ ဒီအတွက်တန်ရာ
တန်ကြေးတော့ ပြန်ယူရလိုက်မယ်''
သူပြော၍ ခြေလှမ်းကျဲတို့ဖြင့် ထိုအနားကနေ
ထွက်ခွာလေသည်။ တစပ်ထဲမှာပင်ကားကို အရှိန်ဟုန်ပြင်းစွာ
မောင်းနင်၍ အိမ်ကနေပါထွက်ခွာလိုက်လေသည်။
ဘာတွေရှေ့ဆက်ဖြစ်မလဲ မသိသည့်သူရဲ့နေရက်တွေ
ကအမြဲတမ်းနာကျင်ရသည်မို့. . .။
အရှေ့ပိုင်းတွေက နည်းနည်း sweetထားတယ်
ဟုတ် မုန်တိုင်းလေး ထန်ပါရစေဦးလို့ နော်
အိုက်(ချစ်)တယ် မဟားတရား သက်လား
နောက်တစ်ပိုင်း Upဖို့ အားမွေးအုံးမယ် 😁
ကဲ ဘာတွေဆက်ဖြစ်မှာလဲပြော😝😝
ပြောပြပါဘူး ငှဲစတာပါ အနော်လည်းဒီအပိုင်း
တော်တော်ခေါင်းကိုက်တယ်ရေးရတာ 😒
ကြိုးစားပြီးရေးထားပါတယ်နော် အသိမှတ်လေး
တော့ပြုခံချင်တာပေါ့လို့ ဝုတ်ဒယ် 😔
အကယ်၍ ဖတ်မကောင်းခဲ့သည်ရှိသော် အနော်အရေး
အသားညံ့လို့ပဲ ဖြစ်၍ဆိုသည်မှာ. . .
writer han(အိုက်တွေကို အသေအိုက်သူ)

Comments
Post a Comment