ဆွေး Part-8

တိတ်ဆိတ်သော ငိုကြွေးသောလူသည် သူသာဖြစ်လျက်
ပင် မှိုင်းကိုယ့်စိတ်ကိုယ်နားမလည်. . .။တစ်ဆစိဆစ်
ကိုက်ခဲနေသော ခေါင်းနင့် နလုံးနားက အောင့်တက်
နေသည့် ခံစားချက်တို့ကြောင့် မျက်လုံးတွေကို
မှိတ်ချပစ်လိုက်သည်။ပါးပြင်ထက် နွေးခနဲ ကျဆင်း
သွားသော မျက်ရည်စလေးတွေကို ဥပေက္ခာပြုထား
ခဲ့သည်သာ. . .

ထိုကလေးကို နာကျင်စရာပေးရင် သူလည်းထပ်တူ
နာကျင်သည်မို့. . .။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

မနက်ခင်း မိုးစင်စင် လင်းခဲ့ချေပြီ . . .ညကတည်းက
ငိုကြွေးထားဆဲ မျက်လူံးအိမ်တို့သည် ငိုကြွေးဖို့ကို
ဆက်၍ အားမပေးသည့် ယောင်ယောင် ပါးပြင်
ထက်ခြောက်သွေ့သွားခဲ့ချေ၏။

တစ်ရေးမှ မအိပ်ဘဲ ငုတ်တုပ်ထိုင်လျက်တိုင်းသား
ရှိနေသောသူသည် ဘာကိုမှ ဆက်မတွေးနိင်တော့
ဘဲ ငုတ်တုပ်ထိုင်လျက်သား. . .။

ရှေ့ဆက်ဘာတွေဆက်ဖြစ်မလဲ မတွေးချင်တော့ပါ
အနာဂတ်တွေ မသေချာတဲ့သူအဖြစ်ဘာတွေကို
ဆက်မျှော်လင့်ရဦးမှာလဲ

လုပ်ပါ အရာရာ ခင်ဗျားသဘောတိုင်း ခင်ဗျားစိတ်
တိုင်းကျ ခြယ်လှယ်ပါတော့ သေချာသည်တစ်ခုက
သူစိတ်ကိုလျော့ချပစ်လိုက်ပြီဖြစ်သည်။
အရင်အချိန်တွေတုန်းက လင်းရောင်နီသည် အခု
မှိုင်းညို့ဝေရဲ့လင်းရောင်နီ ဖြစ်ခဲ့ပြီလား။
အရင်အချိန်ကကော??

တစ်စုံတစ်ယောက်ကြောင့် ပျော်ဖူးတယ်
တစ်စုံတစ်ယောက်ကြောင့် ဝမ်းနည်းဖူးတယ်
တစ်စုံတစ်ယောက်ကြောင့် ရယ်မောဖူးတယ်
တစ်စုံတစ်ယောက်ကြောင့် ငိုကြွေးဖူးတယ်

ယခု ဖြစ်ရပ်တစ်ခုမှာ ရယ်မောခြင်းတွေ မပါခဲ့
ပေမယ့်လည်း. . .ဖြစ်ရပ်တွေမှာတူညီနေသည်။

''ခင်ဗျား အညိုးကြောင့်ပဲဖြစ်ဖြစ် တကယ်တမ်းဘဲ
ဖြစ်ဖြစ် ခင်ဗျားနဲ့ကျွန်တော်က တံတားတစ်လမ်း
သံတစ်လမ်းပဲ''

ကိုယ်နင့်တကွ အမြဲဝတ်ဆင်ထားသော ဆွဲကြိုး
လေးကို ကြည့်သောအကြည့်တွေသည်မြတ်နိးခြင်း
အပြည့်နင့်. . .

''တစ်ရက်ကလေးမှ မေ့မရခဲ့ပါဘူး''

ရောင်နီပြောနေချိန်တွင် အခန်းတံခါးမှ

''ကျွီ''ဟုသောအသံနင့်အတူ သူ့ကိုစူးစူးစိုက်စိုကါ
ကြညါ့နေသော မှိုင်း. .

ရောင်နီမတ်တပ်ထလိုက်သည်။သူ့ကိုစိုက်ကြည့်
ကာ အနားကိုလျှောက်၍လာ၏။
လည်ဆွဲလေးထံ မှိုင်းအကြည့်တွေတမ်းရောက်
သွားပြီး

''အရင်က ငါမမြင်ခဲ့တာ ဘာလို့များလဲ''
ပြောပြီးပြီးချင်း လည်ဆွဲကလေးကိုကိုင်မလိုလုပ်
တာကြောင့် ရောင်နီ လက်ကိုပုတ်ချလိုကါကာ

''မထိနဲ့''

မှိုင်းနားမလည်ပါ။လည်ဆွဲလေးတစ်ခုကဘာတွေ
များသူ့အတွက်အရေးပါနေသလဲ??

''အခြားအရာတွေအကုန်လုံး ခင်ဗျားထိပိုင်ခွင့်
ရှိတယ် လည်ဆွဲလေးကိုတော့မထိပါနဲ့''

''အာ လည်ဆွဲကိုတော့မထိနဲ့ မင်းကိုတော့
ထိလို့ရတယ်လို့ပြောလိုက်တာလား''

ရောင်နီရဲ့ခါးလေးကို  ဆွဲဖက်ပြီးခေါင်းလေး
ငုံ့ကာပြောသော
သူရဲ့ဝင်သက် ထွက်သက်သည် အတိုင်းသား
ခံစားမိနေသည်။ဒါဘယ်လိုအခြေအနေမျိုးကြီး
လဲ??ဒဏ်ရာတွေပေးလိုက် နူးညံ့ခြင်းတွေပေး
လိုက်နင့် သူ့ကိုလှည့်စားနေတာလား??

ခင်ဗျား ယောကျာ်းလေးတွေကိုစိတ်မဝင်စားရင်
အခူလိုမလုပ်သင့်ဘူးလေကိုမှိုင်းညို့ဝေ

''မင်းဘာလို့ မျက်နာတွေရဲတက်လာတာလဲမိန်း
ကလေးကြနေတာပဲ''

''တစ်စိမ်းယောကျာ်းတစ်ယောက်က ခါးကိုဖက်
နေတာကို ကျွန်တော်က ပျော်လိုက်တာ
ဝမ်းသာပါတယ်ဆိုပြီး ထခုန်ပေးရမှာလားကိုမှိုင်းညို့ဝေ''

ရောင်နီ ဒေါသထွက်ထွက်နင့်ပြောလိုက်မိသည်။
သူ ဒေါသထွက်ပြီ တုံ့ပြန်မည်ထပ်ထင်ထားခဲ့တာ. . .
ပြုံးသွားသည်။နစ်နစ်ခြိုက်ခြိုက်ကိုပြုံးနေသောသူ
ကို ဘာတွေကိုရောင်နီ ထပ်ပြောရဦးမည်နည်း။

''ခင်ဗျားလွှတ်လို့ရပြီလား''

''မင်းငါ့ကိုမပုန်ကန်တော့ဘူးလား''

ရောင်နီကိုလွှတ်ပေးရင်းပြောတော့

''ပုန်ကန်ရင်လည်း ကျွန်တော်ဘဲ ထိခိုက်ရတာ
အင်အားခြင်းမမျှခဲ့ဘဲ ခင်ဗျားအနိင်ကျင့်
စော်ကားတာတွေခံရဦးမယ်''

မှိုင်း လက်ပိုက်၍ နားထောင်လျက် နားထောင်မြဲ
ဘာစကားမှမဆိုပေ။

''တစ်ခုပြောချင်တယ်. . .ဟင့်အင်းကျွန်တော်
မေးချင်တယ်''

စကားပလ္လင်ခံလာသော ထိုကလေး။အသည်းယား
လို့ငြိမ်ကြည့်နေမိသည်။သူ့စိတ်ကို ထိုကလေးပြုစား
နေသယောင်ယောင်။တကယ်တော့ သူရင်တွေ
ခုနါနေသည်လေ. . ထိုကလေးနင့်စကားပြော
လိုက်မိရင်ဘာထပ်ဖြစ်နေလဲမသိ။အပြုအမူ
လေးတွေအသည်းးယားသည် ဒေါသထွက်စိုက်
ကြည့်တက်သော အကြည့်တွေအသည်းယားသည်။
သူနင့်ကိုယ့် ကြား အမုန်းတရားတစ်ခု. . .

သူသည်ယောကျာ်းလေးတစ်ယောက်ဖြစ်နေတာ
လေးတစ်ခု. . .ထိုအရာနစ်ခုက သူစိတ်ထဲဝင်
လာရင်မွမ်းကြပ်သည်။ကလန်ကဆန်စကားတွေ
ပြောရင် သူဒေါသထွက်သည်။ကိုယ့်ကိုကိုယ်လည်း
ကျဆင်းခဲ့သောမျက်ရည်တွေကိုနားမလည်. . .
သူ ယောကျာ်းလေးတွေကိုမကြိုက်ဘူးလေ
ဘာလို့ လင်းရောင်နီကြမှ. . .သူ့ကို ဘယ်လို
အပြုအမူတွေနဲ့ဆက်ဆံမိနေလဲမသိ. . .
သူယောကျာ်းလေးတစ်ယောက် ဖြစ်နေတယါ
သိရဲ့သားနဲ့ သူကိုယ်တိုင် ကြွေးကြော်ခဲ့ပြီးမှ
မင်းဘာတွေထပ်လိုချင်မိနေတာလဲမှိုင်းညို့ဝေ
နားမလည်ခြင်းများစွာနဲ့တစ်ယောက်တည်း
မေးခွန်းထုတ်လျက်နင့် အတွေးကမ္ဘာလေး
ထဲသူတစ်ယောက်တည်း. . .

လက်ပိုက်လျက်စိုက်ကြည့်နေသောမှိုင်းညို့ဝေ
ကြောင့်. . .

''ကိုမှိုင်းညို့ဝေ''

''ဟင်''

ထူးသံမဟုတ်ဘဲ အနည်းငယ်ထိန့်လန့်သွား
သယောင်ယောင် ဟူ ရောင်နီဘာလို့ထင်
မှတ်မိခဲ့သည်လဲ???

''ကျွနါတော် ပြောနေတာတွေခင်ဗျားနားထောင်
နေရဲ့လား 😏''

''ဘာလဲ🙄🙄"

ခပ်တည်တည်နင့်မေးခွန်းပြန်ထုတ်နေသည့်
မှိုင်းကြောင့်. . .

''ခင်ဗျားဘာလို့ဘော်ဒီဂတ် လိုချင်နေရတာလဲ
တကယ်ဆိုခင်ဗျား အနေအထားနဲ့ဘော်ဒီဂတ်
တောင်မလိုဘူးထင်တာပဲလေ နောက်ပြီး
ခင်ဗျား နဲ့အင်အားချင်းမမျှအနိင်ကျင့်ခံရတဲ့
ကျွနါတော့်ကိုမှ ဘာလို့ ခင်ဗျားဘော်ဒီဂတ်
ဖြစ်ချင်ရတာလဲ တကယ်ဆိုခင်ဗျားတစ်ယောက်
တည်းလည်းနေနိင်သားပဲ''

ရောင်နီ ပြောနေသည်ကိုဂရုတစိုက်နားထောင်ကာ
လက်ပိုက်အနေအထားဖြင့်တည်ရှိနေပြီးမှ
ထိုလက်တွေကို ပြန်ဖြုတ်ချပစ်လိုက်ကာ. . .

''စကားတွေအထပ်ထပ်အခါအခါပြောရမှာငါ
မုန်းတယ် နောက်ဆုံးတစ်ခေါက်အနေနဲ့
ငါဖြေမယ် နောက်ထပ်မမေးနဲ့ ငါ့အတွက်
ဘော်ဒီဂတ်လိုတယ်လို့အဖေပြောကတည်းက
ငါမင်းကိုအရင်ဆုံး မြင်မိတယ် ယုံကြည်ထိုက်
တဲ့လူတစ်ဦး ငါ့အနားမှာရှိစေချင်တယ်
ငါမင်းကို လိုအပ်တယ်လင်းရောင်နီ ဒါကြောင့်
မင်းကို ငါ့အနားမှာရှိစေချင်ခဲ့တယ် အဖြေလေးက
ရှင်းရှင်းလေးပါ''

သူပြောခဲ့သလို သူအဖြေကရိုးရိုးလေး. . .။

''ထိခိုက်စေပြီးတော့လား ကျွန်တော်မလုပ်ချင်ပါ
ဘူးလို့ငြင်းဆန်ခဲ့တာတောင် နာကျင်စေပြီး
တော့လား''

''မေးခွန်းတွေထပ်မမေးနဲ့ မင်းအတွက်အဖြေ
တစ်ခုဆိုတာထက် ငါ့ဘက်က ဘာမှထပ်မပြော
ချင်တာမို့ မေးခွန်းတွေထပ်မမေးပါနဲ့လင်းရောင်နီ''

ရောင်နီ မှိုင်းညို့ဝေစကားကြောင့်. . .

''ကောင်းပါပြီ ဒါဆိုကိုမှိုင်းညို့ဝေ. . .ကျွန်တော်
ခင်ဗျားအနားမှာ ရှိနေမှာပါ ဘော်ဒီဂတ်တာဝန်
ကို တစ်လ ဒါမှမဟုတ်နစ်လ အများဆုံးတော့
သူံးလတော့ နေပေးနိင်ပါတယ်''

''သုံးလနဲ့မလုံလောက်ဘူး''

လွှတ်ခနဲပြောထွက်ပြီးသွားကာမှ

''တစ်နစ်စာ အတွက်ငါမင်းကိုလိုအပ်တယ်
မင်းကျောင်းတက်သေးလား''

''အဝေးသင်တက်နေပါတယ်ကိုမှိုင်းညို့ဝေ''

မှိုင်းခေါင်းငြိမ့်လိုက်ကာ. . .

''မင်းကငါ့ဘော်ဒီဂတ်ဆိုတော့ ငါ့နဲ့24နာရီအတူ
အမြဲတမ်းရှိနေရမယ် မင်း စာမေးပွဲဖြေခံနီး
လအနည်းငယ်တောင် မင်းငါ့မျက်စိအောက်မှာ
ပဲရှိနေရမယ် မင်းအတွက်အရာရာ ငါစီမံပေးမယ်''

''ကျွန်တော့်အတွက် ဒါတွေ. . .''

''ငြင်းဆန်တာတွေငါမုန်းတယ်. . .ငါဖြစ်ချင်ပြီဆို
ရင်အလိုက်တသင့် မင်းနေပေးဖို့ ကျင့်သားယူပါ
လင်းရောင်နီ''

သူ့အတွက် အဆင်မပြေရင်တောင်မှလား??
အတ္တကြီးသူတစ်ယောက်မှန်းသိပေမယ့်အရာရာ
သူ့စိတ်ကြတိုင်းနေပေးရမယ့်ကိုယ့်အဖြစ်က
ဆက်တောင် ရောင်နီဆက်တောင်မတွေးနိင်တော့. . .။

''မင်းရေချိုးလိုက်. . .ပြီးရင် မနက်စာစားမယ်''

''မနက်စာ''

သူသံယောင်လိုက်ပြီး ပြောမှ တစ်ဖက်လှည့်သွားကာ

''ငါထမင်းကြော်ထားတယ် မင်းရေချိုးပြီးအောက်
ဆင်းလာခဲ့''

သူနားကြားများ မှားသွားသလား??ကိုမှိုင်းညို့ဝေက
မနက်စာ စီစဉ်ထားသည်ဆိုထားသောကြောင့်
ကြောင်အမ်း၍ ကြည့်နေမိသည်။သူကတော့
ပြောပြီး အခန်းကနေ ထွက်သွားသည်။

ထိုသို့သောကြောင့် သူပြောသလိုရေချိုးရန်အပေါ်
အကျီင်္ကိုဆွဲချွတ်ပြီးကာမှ. . .

အခန်းထဲသို့ပြန်ဝင်လာသောကိုမှိုင်းညို့ဝေကြောင့်
အပေါ်ပိုင်း အကျီင်္ဗလာလေးနဲ့မျက်လုံးပြူးရက်သား

သူ့အားလည်း ပြန်၍စိုက်ကြည့်နေပြီးမှ

''မင်းဝတ်ဖို့အကျီင်္နဲ့ လုံခြည် ဗီဒိုထဲမှာရှိတယ်
မင်းဆိုဒ်နဲ့ငါ့ဆိုဒ်နဲ့က အတူတူပဲမို့. .

စကားကမဆုံးသေး ရောင်နီကမျက်လုံးလေး
အဝိုင်းသား။

''ဘာထပ်ပြူးကြည့်နေတာလဲ ငါပြောတာ
အကျီင်္ဆိုဒ်ကိုပြောတာ အဲ့ဒါ မင်းနဲ့တော်မှာ
ဗီဒိုထဲက ထုတ်ပြီးဝတ်လိုက် ဒီအိမ်ကတစ်ခါ
တစ်ရံ ငါလာနေကြအိမ်မို့ အရန်သင့်အဝတ်
တွေရှိတယ်''

ပြောပြီးပြီးချင်း အခန်းတံခါးကိုဆွဲပိတ်ကာ
ထွက်လာသော မှိုင်းညို့ဝေ. . .

''မင်းနဲ့ငါ ရှေ့ဆက်ဘာတွေဆက်ဖြစ်မှာလဲ
လင်းရောင်နီ''

တစ်ယောက်တည်းရေရွတ်ပြီး တီးတိုး
ပြောမိလိုက်သည်။
 
                      part-9 tobe contiue. . .

မုန်တိုင်းကြားထဲ လေပြေတီးတိုးတီးတိုးလာသော
အခါ မုန်တိုင်းတွေလည်းပျောက်ပြေကုန်သတဲ့ဗျာ😝😝
စာရေးသူသည် စိတ်မှန်သူတစ်ဦးမဟုတ်ပါကြောင်း 😂

အကယ်၍ ဖတ်မကောင်းသည်ရှိသော် အနော်အရေး
သားညံခဲ့သည်ဆိုသည်မှာ. . .

                Writer Han(အိုက်တွေကိုအသေအိုက်သူ)

Comments

Popular posts from this blog

ဆွေး Part-5

ဤစံအိမ်ဝယ်