ဆွေး Part-1 B
ခြေလှမ်းကျဲများဖြင့် ထွက်ခွာသွားသော မှိုင်းနောက်ကျော
လေးကို ရောင်နီ စိုက်ကြည့်နေမိသည်မှာ မှိုင်းပျောက်
မကွယ်သွားသည်အထိ. . .။
ရောင်နီ တကယ်တော့ သူ့ရှေ့မှာဘာစကားမှမဆိုမိ။
အကြည့်တွေလည်းမတူန်ပြန်ခဲ့။အလိုက်တသင့်သာ
ပြန်ဖြေမိခဲ့သည်။သူ့အား ဘာပြဿာမှလည်းမရှာချင်
မိခဲ့. . .။ဘာရယ်ကြောင့်လဲ??သူက ဖေကြီးကို
အစစအရာရာ တာဝန်ယူမည်ဆိုတော့ မာနသည်
ထောင်းခနဲ ထိုသို့အကြောင်းကြောင့် သူ့အားစိုက်ကြည့်
မိလိုက်သည်။ပြီးမှ ကိုယ့်ရဲ့စိတ်ကိုကိုယ်ပြန်ထိန်းကာ
"ဟုတ်ကဲ့''
ဟုသာ ပြန်ဖြေမိခဲ့သည်။သူ ဟန်ဆောင်တက်ခဲ့ပြီလား။
သေချာသာ တစ်ခုသည် ထိုလူနင့်ဝေးဝေးနေချင်မိသည်။
ဝေးနိင်သလောက် ဝေးဝေးနေချင်မိ၏။.
"တောင်းပန်ပါတယ်အစ်ကို''
သူတိတ်တဆိတ် ဆိုမိတဲ့တောင်းပန်ပါတဲ့စကားလေးတစ်ခွန်း. . .။
"Light. . .''
အတွေးတွေနင့်နယ်ပယ်ချဲ့နေမိတုန်း မာန် သူ့အား
စိုက်ကြည့်ကာခေါ်လိုက်သောအသံကြောင့်
"ဟင်''
ထူးသံမဟုတ်ဘဲ ထိတ်လန့်ကာ ရုတ်တရက်ထွက်ခွာ
သွားသောအသံမျိုး။
"မင်းနေလို့မှကောင်းရဲ့လား''
သူကိုစိုက်ကြည့်ကာ ပြောလာသည့်မာန်. . .။
''ဘာဖြစ်နေလို့လဲ''
မာန်ရဲ့အကြည့်တွေကိုရှောင်ဖယ်ကာ သူပြောမိ
လိုက်သည်။
"အင်းပါ မင်းဘာဆက်လူပ်ဖို့စိတ်ကူးထားလဲLight''
"ငါခေါင်းတွေဘာတစ်ခုမှစဉ်းစားလို့မရသေးဘူး
ငါဘာဆက်လုပ်သင့်လဲ''
မာန် ပြုံးလိုက်သည်။ပြီးကာမှ
"ကဲပါကွာ မင်းအဖေသတိရလာမှပဲ ပြောကြတာပေါ့''
"အင်း''
သက်ပြင်းရှည်တစ်ခူကို ချကာ အခုလိုပြန်ဖြေ၏။
ပြီးကာမှ
"မင်းလည်း ပြန်တော့လေ''
"ငါအခုမှရောက်တာလေ''
"ဖေဖေ ကိုငါတစ်ယောက်တည်းကြည့်ရှုနိင်တယ်
ကောင်းမာန်''
ပြောနေသော အသံသည် ဒေါသ သံစွက်လာသဖြငိ့
မာန်သိသည်။ဒီကလေး နင့်ပတ်သတ်သမျှအကြောင်း
အရာအားလုံးမာန်သိ၏။သူရဲ့ ပတ်သတ်ခဲ့ဖူးသော
အချစ်ရေးအပါအဝင်...အရာခပ်သိမ်း သူသိသည်။
"မင်း ကြောက်နေတာလား light''
အဓိပ္ပါယ်ရှိရှိနဲ့မေးခွန်းမေးလိုက်တော့
"ဘာကိုလဲ ကောင်းမာန် တစ်ကြိမ်တစ်ခါသာတွေ့မြင်ရတဲ့
လူအတွက် ငါဘာကြောက်ရမှာလဲ''
"ဟားဟား ဟား ငါမေးနေတာက မင်းအဖေအတွက်
မင်းကြောက်နေတာလားမေးတာ မင်းကဘာတွေ
ဖြေနေတာလဲနားမလည်ဘူး''
မာန် ရယ်မိပြီးပြောလိုက်မှ
"ပြန်တော့မင်း. . .''
မျက်နာလေးက ချက်ချင်းနီရဲတက်ကာ သူ့ကိုပြောရှာသည်။
သူရယ်လျက် ခေါင်းညိတ်ကာ
"မင်းကငါ့အပိုင်နော်''
"သေ သေ သွား. . .မင်းပြန်တော့ငါလက်သီးနဲ့
ဆွဲထိုးမိတော့မယ်''
ထိုသို့လည်းဖြဲခြောက်တက်သေးသည်။သူကြည့်တော့လည်း
လေတိုက်ရင် လဲမည့်အတိုင်း သေးသေးပိစိကလေး. . .။
"ကောင်းပါပြီဗျာ. . .ကျွန်တော်မျိုးပြန်ပါမယ်ခင်ဗျ''
ကောင်းမာန် ပြန်မည့်ခြေလှမ်းလှမ်းလိုက်ပြီးကာမှ
နောက်သို့ပြန်လှည့်ကာ
"မင်း တကယ်ငါ့ကိုမျှော်နေခဲ့တာလားlight''
ထိုသို့မေးတော့
"တကယ်ပေါ့ကွ ငါမင်းကိုတကယ်မျှော်နေတာ''
"ကျေးဇူး တင်ပါတယ်''
ဘာအကြောင်းကြောင့် ပြောသည်လည်းသူကိုယ်တိုင်
ပင်အသိဆုံးမို့. . .။သူလေးအနားကနေထွက်ခွာလာသည်
နင့် အပြူံးတွေသည် အသက်မဲ့သွားခဲ့ရပြီး
"ဘာလို့လိမ်ရတာလဲ lightရယ် ကလေးအကြောင်း
ကိုယ်မသိဘူးများထင်နေလား ကလေးကိုအရိပ်တကြည့်ကြည့်
နဲ့ကြည့်လာခဲ့ရတာ. . .ကိုယ်လိုသူံးမဖြစ်ပါရစေနဲ့ကလေး
ကိုယ်ရယ် သူရယ် ကလေးရယ်ဇာတ်လမ်းတစ်ခုမှာကိုယ်
လိုသုံးမဖြစ်ပါရစေနဲ့ကလေးရယ်''
ကောင်းမာန် တိတ်တဆိတ် စိတ်ထဲတွင်ပြောမိသည်သာ။
🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴
နာမည်ကြီး ကုမ္မဏီပိုင်ရှင် ကြီး၏တစ်ဦးတည်းသောသား
စည်းစိမ် ပစ္စည်းတွေပေါများပါရဲ့ ဘယ်မလဲ ပျော်ရွှင်မှု
ဘယ်မလဲ ကြည်နူးမှု. . .သူ့သားတစ်ယောက်လူံး
လုပ်ကြံခံရသည်တောင် မသိခဲ့ဘဲ ပိုက်ဆံကိုသေမတက်
ရှာနေသောအဖေ. . .ပျော်ရွှင်မှုနောက်လိုက်ကာ
ညည့်နက်သေးသည်ထိ ပြန်မလာသေးတဲ့အမေ. . .
သူ့ဘဝကဘာလဲ. . .သိတက်နားလည်စအရွယ်ထဲက
တွေးခဲ့ဖူးသည်။သည်းသည်းလှုပ်ချစ်သတဲ့. . .အများအမြင်
မှာဖြစ်ခဲ့ပေမယ့် သူအတွက်ချစ်ခြင်းတရားဆိုတာဘာလဲ. . .
"လင်းရောင်နီ''
နာမည်ကိုရေရွတ်မိသွားသည်။လက်တစ်ဖက်တွင်ဝိုင်းချိုချို
တစ်ခွက်ကို ကိုင်ဆောင်ရင်း. . .
"မင်းနဲ့ငါထပ်တွေ့ချင်သေးတယ်''
အသိစိတ်က ဘာရယ်ကြောင့်မှန်းကမသိခဲ့ပေမယ့်နလုံးသား
ကတောင်းဆိုနေသည်။မျက်နာတစ်ခါလေးမြင်ဖူးရုံနင့်
ထိုကောင်လေးရဲ့ အသွင်အပြင်ကိုတစ်ခါထဲမှတ်မိနေ
သေးသည်။ကိုယ့်ကိုကိုယ်တောင်အံသြမိနေ၏။
"ငါ gayတစ်ယောက်လား''ဟူ၍ပင်သူံးသပ်မိလေသည်။
မိန်းကလေးတစ်ယောက်မှတောင် စိတ်မဝင်စားခဲ့တဲ့
သူက ထိုကောင်လေးနဲ့မှ
"မင်းတော့ရူးနေပြီ မှိုင်း. . .မင်းတကယ်ရူးသွားပြီ''
🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲
မနက်ခင်း မိုးဆင်ဆင်လင်းသည်နင့် မှိုင်း၏စိတ်သည်
ဆေးရုံသွားဖို့ရန်ဒုန်းဆိုင်းနေမိလေသည်။သို့ပေမယ့်ငှါ
"မင်းဘယ်သွားမလို့လဲသား''
ဟူသောစကားလုံးရဲ့အောက်တွင် ခြေလှမ်းတွေရပ်တန့်
သွားရပြန်၏။
"ဆေးရုံသွားဖို့''
"သွားဖို့မလိုတော့ဘူး''
ဖေဖေကြိုသိနင့်လေသည်သတဲ့လား. . .။
မှိုင်း မျက်မှောင်ကြုံကာ
"ဖေဖေသိနေတာလား''
"မင်းအဖေကို လူတုံးကြီးတစ်ယောက်ထင်နေလို့လား''
ဖေဖေ တကယ်သွေးအေးလှချည်လား။
"ဖေဖေ သားကြောင့် ဦးလေးကအခုလိုဖြစ်သွားရတာ''
"ကိစ္စအဝဝ အားလုံးအတွက် အဖေတာဝန်အကူန်
ယူတယ် ဆေးရုံကိုမင်းသွားဖို့မလိုအပ်တော့ဘူး''
သူ တိတ်ဆိတ်စွာ နာခံလိုက်သည်။ငြင်းလို့လည်း
လက်သင့်ခံမည်ရိုးလား. . .သူ့တွင်အကြောင်းပြချက်
မရှိခဲ့ . . ။
"နောက်ပြီး မင်း ဘောဒီဂတ်နဲ့တစ်နစ်တာဖြတ်သန်း.
ရမယ်''
"ဗျာ. . .မဟုတ်တာ''
''မင်းမှာငြင်းပိုင်ခွင့်မရှိဘူး ဒီလမ်းကိုထွင်းခဲ့တာမင်း
ပဲဖြစ်နေလို့''
"ကောင်းပါပြီ ဖေဖေ. . သားတစ်ခုတော့
တောင်းဆိုချင်တယ်''
"ပြောကြည့်''
"ဦးလေးရဲ့ သား လင်းရောင်နီကို သားရဲ့ဘော်ဒီဂတ်
အနေနဲ့ထားချင်တယ်''
ဖေဖေ မျက်ခုံးနစ်ဖက်စုကြုံ့သွားသည်ကိုသိသိသာသာ
မြင်လိုက်ရသည်။သို့ပေမယ့်လည်း
''ငါလက်သင့်ခံတယ်''
"ကျေးဇူး တင်ပါတယ်ဖေဖေ''
သူလှိုက်လှိုက်လှဲလှဲဆိုမိသောစကား. . .။ထိုကောင်လေး
ကိုသူ့ရဲ့နံဘေးတွင်ခေါ်ခွင့်ရခဲ့ပြီဖြစ်၏။
"မင်းနဲ့ငါ ဆုံတွေ့ချင်ပါသေးရဲ့ ကောင်လေး. . .''
မှိုင်းရဲ့ စိတ်တွေ တက်ကြွခဲ့ပေမယ့်လည်း အခြားတစ်ဖက်
တွင်မူ ဘယ်လိုတွေ ရှိနေမည်ဆိုတာသူမသိခဲ့. . .။
Part-2 to be contiue. . .
Part-1bလေးပါခင်ဗျ. . ကြိမ်းသေတယ်ကြိမ်းသေတယ်
ကျွနိတော်hanတော့ part/1တောင် နစ်ပိုင်းခွဲရေးရရင်
နောက်အပိုင်းတွေကျ ဆယ်စိတ် ဆယ့်ငါးစိတ် ပါလာတော့
မယ် ဟီး 😂😂ညကမတင်ဖြစ်တာ စိတ်တိုင်းကျမဖြစ်
သေးလို့ခင်ဗျာ အကယ်၍ ဖတ်ရသည်မှာ အဆင်မပြေဖြစ်
ခဲ့သည်ရှိသော် အနော် စာအရေးအသားညံ့လို့ဖြစ်သည်
ဆိုသည်မှာ. .
အချစ်တွေကိုချစ်တဲ့ 🍀han🍀

Comments
Post a Comment