ဆွေး Part-2
🌿ဆွေး🌿
(Part-2)
"Harr!!မလုပ်ချင်ဘူး သားနည်းနည်းလေးမှမလုပ်ချင်ဘူး
ဖေကြီး''
လင်းရောင်နီ ခေါင်းသွင်သွင်ခါလေပြီး အထိန်တလန့်
ငြင်းလိုက်လေသည်။ယခုဆိုလျှင် သူ့၏ အဖေသည်သတိ
ပြန်ရလာ၍ဆေးရုံသို့ ဆင်းလို့ပင်ရချေတော့မည်ဖြစ်၏။
ထိုနေ့ ည. . .ထိုနေ့ညကတည်းက ရောင်နီ သူကိုမမြင်
ရတော့ပေ။ဖေကြီး၏ ကိစ္စအဝဝ အရာရာအားလုံးဖေကြီး
ရဲ့သူငှေးဆိုသူက တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ရောင်နီအဖို့ ထိုလူကိုမတွေ့ရ၍စိတ်ထဲ ကျေနပ်နေပေမယ့်
ယခုပင်မှာမူ သက်တော်စောင့် အလုပ်တာဝန် ထိုလူ့အတွက်
ထမ်းဆောင်ရမည်တဲ့လား. . .။ဟင့်အင်း သူမလူပ်နိင်ပါ။
''ဖေကြီး သားမလုပ်နိင်ဘူးနော်''
"သားက ဘာလို့မလုပ်ချင်ရတာလဲ''
"ဖြစ်နိင်ရင် သားလူချမ်းသာတွေနဲ့ထပ်မပတ်သတ်ချငိ
တော့ဘူးဖေကြီး''
သူ့သား လင်းရောင်နီ ဘာကိုဆိုလိုသလဲ သူသိနေသည်
မို့ သက်ပြင်းသာချကာ
"ဖေဖေ ငြင်းရခက်နေတယ်''
"ဖေကြီး ငြင်းရခက်နေရင် သားသွားပြောပါ့မယ် သားလေ
ဒီထက်မက အလုပ်ကြိုးစားမှာပါ အဲ့အိမ်ကအလုပ်ထွက်
လိုက်ပါလားဟင်''
''မဖြစ်နိင်ဘူးသား. . .''
''ဘာလို့တုန်းဖေကြီး''
သူ မဖြေမိ။ဘာလို့တုန်းလို့ မေးသော သားစကားကိုသူ
သက်ပြင်းလေးမသိမသာ ခိုးချမိလိုက်ပြီ
''ကျွန်တော်ဘယ်လိုဖြေရမလဲအစ်ကိုကြီး''
စိတ်ထဲမှာဖြင့် ဤကဲ့သို့ ဖြေလိုက်မိသည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ဦးရဲမာန် ဆိုဖာပေါ်တွင် ထိုင်လျက်
သတင်းစာဖတ်နေတုန်း စူးစူးရှရှဝင်လာသော
ရနံ့တစ်ခုကြောင့် မျက်မှောင်ကြုံ့သွားသည်။
ဒေါက်မြင့် ဖိနပ် ချွန်ချွန်မြမြနင့် တစ်လှမ်းချင်းစီ
ဧကရီအလား လျှောက်လာသော ဒေါ်မြလေးရုံ
လျှောက်နေသော ခြေလှမိးတွေက တစ်လှမ်းချင်း
ဆိုပေမယ့် ယိုင်ထိုး၍နေလေသည်သာ။
သူမမှာ ပုရိသတို့သဘောကျနစ်ခြိုက်ဖွယ်ရာ
အလှတွေရှိနေဆဲ ရှိနေလျက်ပင်. . .။
ဒေါ် မြလေးရုံ ဦးရဲမာန်ကိုတွေ့သည်နင့်
"hello my darling''
"မင်းမူးလာပြီ သွားအိပ်ရင်ကောင်းမယ်မြလေးရုံ''
"အဟွန်း . . .''
မြလေးရုံ ပြုံးသောအပြူံးများသည် ခနဲ့သက်သက်ဖြင့်
အသက်မပါလှ. . .။
"ကျွန်မ တစ်ယောက်ထဲ မအိပ်ချင်ဘူး ရှင်သာ
အဖော်ပြုပေးမယ်ဆိုရင်. . .''
ပွတ်သီး ပွတ်သက် ဖြင့် လုပ်နေသောလက်တွေ
ကိုပူတ်ချပစ်လိုက်ကာ
"ငါ စိတ်မပါဘူး မင်းငါကို ပိုင်ဆိုင်နေရပြီဘဲ
ကျေနပ်သင့်တယ်မဟုတ်ဘူးလား''
"ဟုတ်တယ် ရှင်ကိုကျွနိမပိုင်တယ် ရှင့်ရဲ့
စိတ် ရှင့်ရဲ့အရာရာကို ကျွန်မတစ်ယောက်
တည်းပိုင်ဆိုငိခွငိ့ရှိတယ် အခြားသူပိုင်ဆိုင်ခဲ့
ရင် ကျွန်မဘာလုပ်မလဲရှင့်သိသငိ့တယ်''
အဓိပ္ပါယ် ရှိရှိပြောလာသောစကားတွေကြောင့်
"မင်းမှာ လုပ်ပိုင်ခွင့်မရှိဘူး ငါအဆုံးစွန်ကာကွယ်
မှာမို့ မင်း လက်ဖျားနဲ့တောင်မထိစေရဘူး''
"Wow. . .wow အံ့သြစရာပဲ ဦးရဲမာန် ဆိုတဲ့
သူငှေးကြီးက ဘာမဟုတ်ညာမဟုတ် ဒရိုက်ဘာ
တစ်ယောက်နဲ့ men to men အချစ်ဇာတ်လမ်း
လေးတစ်ခု လုပ်ခန်းခွင်နယ်ပယ်အသီးသီးကို
ချပြပစ်လိုက်မယ်ဆိုရင်''
"သူသာ ငါ့အနားမှာ ထာဝရနေရမယိဆိုရင်မင်း
ကြေငြာလိုက် မင်းကိုကွာရှင်းပြီးတရားဝင်
ငါသူ့ကိုကောက်ယူပစ်မယ် အချစ်မှာယောကျာ်းရယ်
မိန်းမရယ် ခွဲခြားထားတာမရှိဘူး ငါအိမ်ထောင်ရေး
ဖောက်ပြန်နေတာလည်းမဟုတ်ဘူးဆိုတာမင်းသိမှာပါ''
"ဟား ဟား ဟား ဘာလဲ ရှင်တို့က အခူမှ ငယ်ကချစ်
အနစ်တရာဆိုပြီး မပေါင်းရတဲ့ ဇာတ်သိမ်းခန်းကြီး
အကြောင်းပြပြီး ဇာတ်ပေါင်း ထုတ်ကြမယ်ပေါ့
ဟုတ်လား''
''ငါဘယ်လို အကြောင်းကြောင့် လက်ထပ်ခဲ့ရတယ်
ဆိုတာမင်းအသိဆူံးနေမှာပါ မြလေးရုံ''
ဦးရဲမာန် ပြောပြီးပြီးချင်းဒေါ် မြလေးရုံ အနားကနေ
လှည့်ထွက်သည်။ ဦးရဲမာန် ခြေလှမ်းတွေကို ရှေ့ဆက်
မတိုးနိင်အောင် လက်ကိုဖမ်းဆွဲထားလိုက်၍
"ရှင် ကျွန်မကို စိတ်ရင်းနဲ့တစ်ခါလောက်ပဲဖြစ်ဖြစ်
တစ်ခါလောက်ပဲဖြစ်ဖြစ် ချစ်ခဲ့ဖူးလား ရင်ခုန်ခဲ့ဖူးလား
ရှင်လေးလေးနက်နက်ဖြေပေးပါ''
သူမသည် လုံးဝမာနမရှိတော့သည့်အလား. . .
မျက်လုံးအရောင်တွေ ဖျော့လျော့စွာ ညှင်သာစွာမေးလိုက်
သည့်စကားလေးတစ်ခွန်း . . .သို့ပေမယ့် မျက်ဝန်းအိမ်
တွေထဲ မျက်ရည်စတွေစွန်းထင်းနေသည်ကို ဖုံးကွယ်စွာ
မျက်တောင်ရှည်ကြီးများပုတ်ခတ်လျက်. . .။
"Sorry ငါမင်းကိုမချစ်ဘူး''
ထိုသို့ကြားရမယ်မှန်းသိပေမယ့် နလုံးသားကမခံနိင်စွာ
စူးခနဲ နာကျင်နေရသည်။ဆွဲထားသောလက်တွေပြယ်ကျ
သွားလျက် ထိုင်ရက်သားလေး. . .။
သူကတော့ သူမကိုစွန့်ခွာ၍ထွက်ခွာသွားချေပြီဖြစ်၏။
ထိုယောကျာ်းကို သူမချစ်သည်။ရယူချင်သည်။ပိုင်ဆိုင်ချင်
သည်။သို့ပေမယ့် သူချစ်သောသူက သူမမဟုတ်ဘူး
တဲ့လေ။ရင်ထဲမှာတော့ကမ္ဘာပြိုမတက်. . .။
လဲကျပြီး ထိုင်ငိုတက်သော လူထဲမှာလည်းသူမမပါသည်
မို့ အိုင်ကျနေသောမျက်ရည်တွေကိုချက်ချင်းသူတ်ပစ်
လိုက်သည်။ ရက်စက်လိုက်စမ်းပါ အသည်းကိုခွဲထုတ်
အခြားတစ်ယောက်ကို ချစ်ချင်သေးတာလား သူမအဖို့
ပိုင်ဆိုင်ရသည်သာ အကျေနပ်ဆုံးမို့. . ။တကယ်ဆို
အချစ်ဆိုတာ ပိုချစ်သူက ရှုံးစမြဲဘဲလေ. . .။
🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂
မှိုင်း သူရှေ့ရောက်လာသောသူဆီမျက်မှောင်ကြည့်လျက်. . .
တကယ်ဆို သူကိုပဲစောင့်ဆိုင်းနေမိတာပါ သို့ပေမယ့်
ဒီလောက်အမြန်ကြီးရောက်လာမယ်ဆိုတာမမျှော်လင့်
မိခဲ့. . .။အဝတ်အထည် ကိုယ်တစ်ခုနဲ့ရောက်လာသော
သူသည် တကယ်ပဲသူပြောတာကိုလက်ခံမည်သတဲ့လား။
သူတွေးတောနေစဉ်. . .
"ကျွန်တော် အစ်ကိုရဲ့ သက်တော်ဆောင့်အဖြစ်မလုပ်နိင်
တဲ့အကြောင်းလာပြောတာ''
ထိုသို့ပြောလာသည်။
စိတ်ထဲမှာမတည်ငြိမ်ပေမယ့် အတက်နိင်ဆူံးထိန်းကာ
"အကြောင်းပြချက်က''
"ကျွန်တော်တကယ် ဒီအလူပ်နဲ့ကိုက်ညီမယ်မထင်လို့ပါ''
"မင်းတကယ် မလုပ်ချင်တာတော့မဟုတ်ဘူးမှတ်လား
ကောင်းပြီ မနက်ဖြန်အလုပ်လာဆင်း''
"ကျွန်တော် မလုပ်နိင်လို့ပါအစ်ကို တောင်းပန်ပါတယ်''
"မင်းကို ငါသတ်မှတ်ထားတဲ့ လစာရဲ့ သူံးဆပေးမယ်
စိတ်ဝင်စားလား''
"သြော် မလူပ်ချင်ပါဘူးဆို ဘာလို့ အတင်းရက်ရော
နေတာလဲ ''
လင်းရောင်နီ စိတ်ထဲတွင်သာပြောပေမယ့် လက်တွေ့
မှာဖြင့် ခေါင်းငိုက်စိုက်အနေအထား အသံတောင်သိပ်
မထွက်ရဲပေ. . ။
''ကျွန်တော် စာသင်တဲ့ကလေးတွေကိုစိတ်မချလို့''
wow. . .ကောင်းလိုက်တဲ့အကြောင်းပြချက် သေ သင့်
တယ် သေသင့်တယ် လင်းရောင်နီ သူကိုယ်သူ တိုးတိုး
တိတ်တိတ် ကျိန်ဆဲလျက်. . .။
''မင်းအဲ့ အလူပ် လူပ်ဖို့မလိုတော့ဘူး ကလပ်ကောပဲမင်း
မပင်ပန်းဘူးလား အဲ့အလုပိတွေလုပ်တာ''
"ကျွနိတော့်အတွက်နေသားကျနေပါပြီ အရာအားလုံး
အဆင်ပြေတယ်''
''မင်းဘက်ကအဆင်ပြေပေမယ့် ငါ့ဘက်ကမပြေဘူး
ဆိုရင်ကော''
ရုတ်တရက် မေးကိုကိုင်ကာ အကြည့်စုံစေလျက်
ပြောတော့ ကြောင်အမ်းအမ်းဖြင့် ပြောမိသည်က
"ဗျာ. . .''
နူးညံစွာ သူသည်ပြုံးသည်။ ပြီးခါမှ မျက်နာတည်လိုက်
ပြန်ပြီး မေးသို့ကိုင်ထားသောလက်တွေလွှတ်ချလိုက်ကာ
"မင်းအလုပ်လုပ်တဲ့ ကလပ်ကိုငါဖုန်းဆက်ပြီးပြီ
မင်းကိုအလူပ်ဖြုတ်ပေးဖို့အကြောင်း ငါပြောပြီး
သွားပြီ မင်းငါဆီကမလွတ်ဘူး''
"ကျွန်တော်ကိုဘာလို့အနားမှာရှိစေချင်ရတာလဲ''
ရောင်နီ မထင်မှတ်ဘဲ မေးမိသောစကားလေးတစ်ခွန်း။
"ငါမင်းကိုစိတ်ဝင်စားလို့်''
(Part-3 )to becontiue 😘😘
ဆွေးလေးကိုမေ့နေကြပြီလား။🤗အနော် အပျင်းမကြီးတော့ဘဲ
Upပေးလိုက်ပါတယ်ခင်ဗျ 😍မတရားတွေ
အိုက်ပါတယ် 🤗အနော်ရဲ့ reader အိုက်လေးတွေကိုနော်😘
အကယ်၍ ဖတ်မကောင်းခဲ့သည်ရှိသော် အနော်စာအရေးအသား
ညံ့ဖျင်းခဲ့သည်ဆိုသည်မှာ😊😊
Writer🍂 Han(😘အိုက်တွေကိုအသေအိုက်သူ😘)

Comments
Post a Comment