ဆွေး Part-4

Part-4

ရောင်နီ အားဖြင့် ရင်ဘတ်ကိုစောင့်တွန်းလိုက်သော်ငြား
လည်း နမ်းရှိုက်နေသော အနမ်းတွေက မလွတ်မြောက်
သွားခဲ့ . . .ထိုလောက်တောင် နမ်းရှိုက်ချင်ဦး ဟုသည့်
စိတ်ဖြင့် သူကို နမ်းရှိုက်နေသောနှူတ်ခမ်း သားများကို
ကိုက်ပစ်လိုက်ချိန်မှာဖြင့်. . .
"ရောင်နီ. . .မင်း''

"ခင်ဗျား ကျွန်တော်အသားကိုထိပိုင်ခွင့်မရှိဘူး
ကိုမှိုင်းညို့ဝေ ''

"ဒီနေ့ငါမင်းကို ငှါးထားတာ ငါသဘောငါ့ဆန္ဒတိုင်း
အကုန်လုပ်ပိုင်ခွင့်ရှိတယ် ဆိုတာမင်းမှတ်ထား''

"ခင်ဗျား ကျွန်တော်ကိုအထင်မသေးပါနဲ့ ကျွန်တော်
အဲ့အတန်းစားထဲကမဟုတ်ဘူး''

"ဒါဆိုမင်းလက်သင့်ခံလိုက်ပေါ့''

"ကျွန်တော်သေသည်အထိ. . .''

စကားတွေ ရှေ့ဆက်မတိုးနိင်အောင် နှုတ်ခမ်းကို
ဖြတ်ခနဲ နမ်းပြီးမှ

"ဆက်ပြော. . .''

"ခင်ဗျားအချိန်တွေ ပေါများနေတာလား လွှတ်ပေးပါ
ကျွန်တော်ကို ခင်ဗျားအတွက်တော့ ကျွန်တော်က
ဘာမှမဟုတ်ပါဘူး''

"ဟုတ်တယ် မင်းကို ငါ့အနားမှာ ထားဖို့ဆိုရင်ငါ့မှာ
အချိန်တွေအရမ်းပေါများနေတယ်''

"တောက်.  . .ခင်ဗျား Gayလား ''

"မဆီမဆိုင် ဘာစကားတွေ လာမေးနေတာလဲ
လင်းရောင်နီ''

"ခင်ဗျား ယောကျာ်းလေးတွေကိုစိတ်ဝင်စားပေမယ့်
ကျွန်တော် စိတ်မဝင်စားဘူး အထူးသဖြင့်ခင်ဗျားလို
ယောကျာ်းမျိုး အာဏာသူံးပြီး ငါပိုကိဆံရှိလုပ်ချင်ရာ
လုပ်မယ်ဆိုတဲ့ ခင်ဗျားရဲ့စိတ်ကို ဒဲ့ရွံတယ်''

"မင်းပြောလို့ပြီးပြီလား''

ရောင်နီ ပြောလိုက်တဲ့စကားကြောင့် မှိုင်း ဒေါသထွက်
သွားသည်မှာ သူရဲ့မျက်ခုံးနစ်ဖက်သည် စုကြုံ့သွား
ပြီး မျက်လူံးတွေရဲနေလေသည်။တကယ်ကိုကြောက်
စရာကောင်းလွန်သည်။

"အစကတော့ ငါမင်းကို ငါ့အနားမှာရှိချင်ရုံလေးပဲ
လိုချင်တာ ဒါပေမယ့်အခုသေချာသွားပြီ မင်းထင်ချင်
သလိုထင် ငါကို gayလို့သတ်မှတ်ချင်သတ်မှတ်
ငါမင်းကိုလိုချင်တယ်ဆိုတာသေချာသွားတာပေါ့''

"ခင်ဗျား. . .''

"ရပြီမင်းသွားတော့ ''

မှိုင်းပြောတော့ ရောင်နီ ချက်ချင်းဆိုသလို မတ်တပ်ရပ်
ပြီး အနားကနေ ထွက်ခွာသည်။ဤသည်ကိုပင်

"နေဦး. . .ငါလိုက်ပို့ပေးမယ်''

"မလိုပါဘူး''

"မင်းသိစေချင်တယ် လင်းရောင်နီ ငါစကားကို
ငြင်းဆန်ရင် ဒီထက်မက ပို့ရွဲ့တက်တာဆိုတာ''

မှိုင်းပြောလည်းပြော ရောင်နီလက်ကိုဆွဲ၍ ကလပ်ထဲက
နေထွက်လာ၏။ထိုသည်ကိုပင် ကောင်းမာန်မြင်လိုက်
ကာ

"Light''

အသံကိုကြားရုံဖြင့်သာ ခြေလှမိးတွေမရပ်နိင်ခဲ့သော
လင်းရောင်နီ ယခုသူရဲ့နာမည်ကြားပေမယ့်
ခေါင်းစောင်းငဲ့ကာ လှည့်၍ပဲကြည့်ရုံမှအပါး. . .။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

ကားပေါ်သို့ ရောက်သည်ဆိုကတည်းက တိတ်ဆိတ်
ပြီးလိုက်လာသောကောင်ကလေး. . .။သူလည်းဘာ
စကားမှမဆိုချင်သောကြောင့် အလိုက်သင့်လေး
နေပေး၍ ထိုကလေးကိုအလိုလိုက်ခဲ့သည်။
ယနေ့ကိစ္စမှာ သူမှားသည်ဆိုတာ သိပေမယ့်ငှါး
မတောင်းပန်ချင်။ထို ကလေးပြောသလိုများ
သူ တကယ် ယောကျာ်းလေးတွေကိုစိတ်ဝင်စားနေ
သည့်သူများဖြစ်နေမလား. . .။

"ဟူး အတွေးနဲ့ရူးချင်တယ် မင်းဘာလို့ ငါ့စိတ်ထဲ
စိုးမိုးထားရတာလဲကွာ''

တစ်ယောက်ထဲအတွေးများဖြင့် စကားပြောနေမိခြင်း
သူ့အဖြစ်. . .ဘေးဘက်လှည့်ကြည့်မိတော့ ထိုကလေး
သည် မျက်လုံးကလေး မှိတ်ကာ အိပ်စက်နေသည်။
ကားမှန် ဖွင့်ထားသောကြောင့် တိုးတိုက်နေသော
လေများက ဆံနွယ်မျှင်များကို လှုပ်ခတ်စေသည်။

ဖြူဝင်း နုဖတ်နေသည့် အသားလေးက ဘယ်လိုမှ
ထိရက်စရာမရှိ။မျက်တောင်လေးများက မိန်းကလေး
များရှုံးလောက်အောင် ကောရွှန်းနေလေသည်။မျက်ခုံး
ထူထူနက်နက်လေးနင့် နာတံလေးကချွန်ချွန်လေး။
ထိုကလေးသည် မိန်းကလေးဆိုလျှင် ယခုပင်ကားတင်
ပြေးရသည့်အထိ စွဲဆောင်လွန်းပေသည်။နင်းဆီဖူး
ရောင် နှုတ်ခမ်းနားတွေဆီရောက်သွားတော့
ချက်ချင်းဆိုသလို မောင်းလျက်ရှိသော ကားလေးရပ်
တန့်သွားသည်။

ရင်တွေခူန်နေသည်မှာရပ်တန့်လို့မရခဲ့။နှုတ်ခမ်းလေးကို
မဖွ တစ်ဖွလေး လက်ကလေးဖြင့် ကိုင်လိုက်မိသည်။
သူလိုချင်သည်။ ထိုကလေးရဲ့နှုတ်ခမ်းတွေကိုသူထပ်
လိုချင်မိ၏။သို့ပေမယ့်ငှါ ထိုကလေးရဲ့စကားများက
သူရင်ကို စူးစိုက်ဝင်နေသည့် ဆူးပမာ ခက်ထန်လှသည်။

"စိတ်ချပါ ကလေးရယ် မင်းမကြိုက်တာဆို ကိုယ်
ဘာမှ မလုပ်ပါဘူး တစ်ခါတစ်လေ ကလေးနဲ့ပတ်သတ်
ပြီး လွတ်ထွက်သွားတဲ့ကိုယ့်ရဲ့စိတ်ကိုမင်းလေးနား
လည်ပေးပါ မင်းကို ကိုယ့်အနားမှာပဲထားချင်တယ်
အဲ့တာကြောင့်ပါ''

တိတ်တဆိတ်ဆိုမိသောစကားလေး။ကလေးကိုတော့
မရှင်းပြချင်တော့။ဒီကလေးကို စတွေ့ကတည်းက
ပိုင်ဆိုင်ချင်မိတဲ့စိတ်က ဘယ်လိုမှတားမရခဲ့
သူအတ္တများကြီးသွားသလား. . .။

"Sorry ငါမင်းကို လိုချင်လို့ပါ''

သူပြော၍ ကလေးရဲ့လက်ကလေးကို လှုပ်နိး
လိုက်တော့ ကလေး လန့်နိးသွားပြီး သူ့အား.
မျက်လူံးဝိုင်းဝိုင်းလေးဖြင့်လှည့်ကြည့်သည်။

"ငါဘယ်ကိုမောင်းရမှာလဲ''

"အရှေ့နားဆိုရောက်ပါပြီ အဲ့မှာရပ်ပေးပါ''

"ကောင်းပြီ''

သူပြောပြီး ကားလေးကိုဆက်၍မောင်းနင်ချေ၏။
ကလေးပြောသည့်နေရာရောက်မှ ကားကိုရပ်တန့်
လိုက်ပြီး ကလေးနင့်အတူ ကားပေါ်ကနေဆင်း
လိုက်သည်။

"ဒီနေ့အတွက်ငါ မင်းကို. . .''

"ရပါတယ် ကျွန်တော်စိတ်ထဲမရှိပါဘူး''

မှိုင်းပြောလိုက်သည့်စကားကို ရောင်နီကြားဖြတ်ကာ
ပြောလိုက်မိသည်။

"ငါ gayမဟုတ်တာမင်းသိစေချင်တယ် ငါယောကျာ်း
လေးတွေကို စိတ်မဝင်စားဘူးလင်းရောင်နီ ဒါပေမယ့်
မင်းနဲ့ပတ်သတ်ရင်တော့ ငါစိတ်ဝင်စားတယ် မင်းမို့လို့
စိတ်ဝင်စားတာ မင်းရဲ့ ရပိတည်မှုကိုငါစိတ်ဝင်စားတယ်
နောက်တစ်ခု ငါဘဝမှာ တောင်းပန်ရမှာအမုန်းဆုံးပဲ
ဒါပေမယ့် ငါမင်းကိုဒီနေ့အဖို့တောင်းပန်ပါတယ်''

ရောင်နီ ခြေထောက်ကလေးနဲ့ ခဲလုံးလေးကို ကန်ကာ
ခေါင်းလေးငုံ့ကာ နားထောင်လျက် နားထောင်မြဲ။

"ငါ့ဘဝမှာ တစ်စိမ်းယောကျာ်းလေးကို အနားမှာ
ထားပြီး ငါ့ကိုစောင့်ရှောက်ချင်နေမိတာဒါပထမဆုံးပဲ
အခြားတစ်ယောက်လည်း ငါ့အနားမှာမရှိစေချင်ဘူး
ငါ့အနားမှာမင်းကိုပဲထားချင်တယ် အခြားဘယ်သူကို
မှလည်းငါမယုံဘူး မင်းကိုတော့ယုံတယ် အဲ့တာကြောင့်
ငါ့အနားမှာ မင်းရှိနေပေးပါ လင်းရောင်နီ''

သူသည် တကယ်ကို ခခယယတောင်းဆိုနေသလိုမျိုး
နူးညံခြင်းတွေ စကားလုံးတွေမှာ ခံစားရသလိုမျိုး
ငြင်းလေ ဘာလို့ တိတ်ဆိတ်နေမိတာလဲ လငိးရောင်နီ
ဘာလို့် စကားလုံးတွေအောက် တိတ်ဆိတ်သွားရ
တာလဲ ဘာလို့လဲ??

"ငါဘယ်သူကိုမှ မတောင်းဆိုဖူးဘူး ဒါပထမဦးဆုံး
အကြိမ်ပဲ ငါ့ရဲ့ ဘော်ဒီဂတ်မင်းလူပ်ပေးနိင်မလား
လင်းရောင်နီ''

တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းတစ်မျိုးပဲမဟုတ်ပါလား။

"ဒါဆိုကောင်းပြီ မနေ့ဖြန် ငါမင်းကိုလာခေါ်မယ်နော်
နော် နော်''

"ကျွန်တော် တကယ် ခင်ဗျားနဲ့မပတ်သတ်ချင်ဘူး
ကိုမှိုင်းညို့ဝေ ဒါပေမယ့် ခင်ဗျားကိုကျွနိတော်ကြောင့်
စိတ်ညစ် ဒေါသထွက်ပြီး အချိန်တွေအလကားသက်သက်
မကူန်စေချင်ဘူး ကျွန်တော် လက်သင့်ခံပါတယ်''

သူသည် ထိုကလေးကြောင့် သွားကလေးတွေပေါ်သည်
အထိပြုံးမိလိုက်သည်မှာ လိုချင်တာကို ရသွားသော
ကလေးငယ်လေးအလား။

"ကျွန်တော်သွားတော့မယ်''

"အင်း''

သူသည် ကလေး သူ့ကိုနှုတ်ဆက်ကာ အနားကနေ
လှည့်ထွက်ပြီး နောက်ကျောလေးပျောက်ကွယ်
သွားသည်ထိကြည့်ပြီးမှ ကားပေါ်သို့တက်ခဲ့
လေသည်။

ကျိန်း၍စပ်နေသော နှုတ်ခမ်းလေးအား လက်ဖြင့်
ဖိ၍

"မင်းနှုတ်ခမ်းတွေ အရမ်းကိုချိုလွန်းတယ် baby''

တစ်ယောက်တည်းပြုံးကာ ပြောလိုက်မိလေတော့၏။

                     Part-5 to be contiue. . .

အဟမ်း စကားလုံးတွေနဲ့ ချုပ်နည်းသိချင်ပါသလား။
မှိုင်းဆီ သင်ယူပါ 😝😝ချစ်ရတဲ့သူက ပြောစကား
နားမထောင်ဘူးလား ဖက်နမ်းပစ်ပါ 😁😁

အကယ်၍ ဖတ်မကောင်း၍ဘဲရှိခဲ့သော်အနော်အရေး
အသားညံ့ခဲ့သည်ဆိုသည်မှာ. . .

               Writer han(အိုက်တွေကိုအသေအိုက်သူ)

Comments

Popular posts from this blog

ဆွေး Part-5

ဤစံအိမ်ဝယ်

ဆွေး Part-8